Social Icons

Pages

Saturday, April 29, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်စဉ်။

နေပြည်တော် ၂၉-၄-၂၀၁၇

ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့အား ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wieker က MS Arcona ရေယာဉ်ပေါ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဘာလင်မြို့ရှိ Yachtschiff Abion ရေယာဉ်ဆိပ်သို့ရောက်ရှိရာ ဂျာမနီ တပ်မတော်စစ်ဦးစီးချုပ် General Volker Wieker နှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး MS Arcona ရေယာဉ်ပေါ်၌ အတူတကွ ညစာသုံးဆောင်ခဲ့ကြသည်။ ညစာသုံးဆောင်စဉ်အတွင်း ရေယာဉ်အား ဘာလင်မြို့ Spree မြစ်ကြောင်းတစ်လျှောက်မောင်းနှင်ကာ ဘာလင်မြို့၏ သာယာလှပမှုများအား ကြည့်ရှု ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadaydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...