Social Icons

Pages

Tuesday, April 11, 2017

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ပဉ္စမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနားကျင်းပ

နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ိမလဗုဒ္ဓိထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အမှူးပြုသော ဧည့်ပ ရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက်
 ရေစက်သွန်းချအမျှပေးဝေကြစဉ်။

သံဃာတော်အရှင်သူမြတ်များနှင့် ဒုလ္လဘရဟန်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လှူဖွယ်ပစ္စည်းများလောင်းလှူစဉ်။

ဒုလ္လဘရဟန်းလောင်းများနှင့်ရှင်သာမဏေလောင်းများ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်၍ ဖူးမြော်ကြည်ညိုစဉ်။


မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ၀ိမလဗုဒ္ဓိထံမှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီးဒေါ်သန်းသန်းနွယ် လှူ ဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော် ၁၁-၄-၂၀၁၇

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ပဉ္စမအကြိမ် စုပေါင်း ရဟန်းခံ ရှင်ပြုအလှူတော် အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာ ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း နှင့်ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာ ခန်းမရှေ့ ဥပစာ၌ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာနနာယကဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုသော သံဃာတော် ၁၈ ပါးနှင့်ဒုလ္လဘရဟန်း ၂၄၇ ပါးအား သိမ်ဆင်း အလှူတော်အဖြစ် လှူဖွယ်ပစ္စည်း များလောင်းလှူကြပြီး ရှင်သာမဏေ ၃၉ ပါးကိုလည်း လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။

ထို့နောက် ကြွရောက်တော်မူ လာကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘရဟန်း များနှင့် ရှင်သာမဏေများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ပဉ္စမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်အောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ဆရာတော် ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော် ၁၈ ပါးကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းတို့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိလာသ သာသနဓဇ ဓမ္မာစရိယထံမှ ကိုးပါးသီလ ခံယူဆောက်တည် ကြသည်။

ယင်းနောက် ပရိသတ်များက ဆရာတော်၊ သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဟာဝိဇိတာရုံ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့က နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် တက်ရောက်လာ ကြသည့် ပြည်ထောင်စု ဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများက သံဃာတော်အရှင် သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

၎င်းနောက် မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော်ထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မိသားစု ပဉ္စမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးပေးသည်။

အဆိုပါကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊ လေ) မိသားစု ပဉ္စမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားတွင် ဒုလ္လဘရဟန်းလောင်းနှင့် ရှင်သာမဏေလောင်း ၂၈၆ ဦးတို့အား ဧပြီ ၉ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဝင်းရှိ နဝဒေးခန်းမမှ အိမ်ထောင်သည်လိုင်း ခန်းများအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ပြီး ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ ပို့ဆောင်ကာစေတီတော်မြတ်ကြီးအား ဒေဝါဝင်း၊ ရာဇာဝင်းများ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များဖြင့် လက်ယာရစ်သုံးပတ် လှည့်လည်၍ ဖူးမြော်ကြည် ညိုကြသည်။

ထို့နောက် ဒုလ္လဘရဟန်းလောင်း နှင့်ရှင်သာမဏေ လောင်းများကို ကန်ဦးကျောင်းတိုက်၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်နှင့် ရတနာစံပရိယတ္တိ စာသင်တိုက်များသို့ ပို့ဆောင်၍ ဆံချခြင်း၊ သင်္ကန်းတောင်းခြင်း၊ သရဏဂုံသုံးပါးနှင့် ဆယ်ပါးသီလခံယူ ဆောက်တည်၍ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာနှင့် ဒုလ္လဘရဟန်းလောင်း များအား ဥပသမ္ပဒ မင်္ဂလာများ ဆင်ယင်ပြီး သာသနဒါယဇ္ဇ သာသနာ့ အမွေခံ စုပေါင်းရဟန်းခံ ရှင်ပြု ကုသိုလ်တော်များကို ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...