Social Icons

Pages

Monday, April 3, 2017

ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ



နေပြည်တော် ၃-၄-၂၀၁၇

ပါကစ္စတန် ရေတပ်မှ စစ်ရေယာဉ် PNS SAIF သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့နံနက် ၇ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ဆိုင်ရာပါကစ္စတန် နိုင်ငံစစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက် ကြသည်။ 

အဆိုပါစစ်ရေယာဉ်တွင် ပါကစ္စတန်ရေတပ်မှ Commodore Zaka Ur Rehman ဖြစ်သူ ဦးဆောင်၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၉၇ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၅ ရက်အထိ လေးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...