Social Icons

Pages

Saturday, April 22, 2017

သက္ကယ်ကျင်း ကျေးရွာ၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွား



မင်းလှ ၂၂-၄-၂၀၁၇

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် သက္ကယ်ကျင်း ကျေးရွာ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ်သွပ်မိုး များပျက်စီး ခြင်းနှင့် အိမ်ထောင်စု ကိုးစုသဘာဝ ဘေးဒဏ် ခံစားရကြောင်း သိရသည်။

ဖြစ်စဉ်မှာ လေပြင်းတိုက်ခတ် မှုကြောင့် သက္ကယ်ကျင်း ကျေးရွာရှိ ပျဉ်ထောင်၊ သွပ်မိုး လေးပင်အိမ် နှစ်လုံး အမိုးလန်ခြင်း၊ ပျဉ်ထောင်၊ သွပ်မိုးလေးပင် အိမ်တစ်လုံး အမိုးပေါက်ခြင်း၊ သက်ငယ်မိုး၊ ထရံကာ သုံးပင်
အိမ်ခြောက်လုံး အမိုးလန်ခြင်းနှင့် အဆိုပါ ကျေးရွာရှိ မောင်တင်မိုးဝင်း အသက် ၂၄ နှစ်သည် လေလွင့်သွပ် ထိခိုက်မိ သောကြောင့် နဖူးပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ဖြင့် မကွေးမြို့ ပြည်သူ့ ဆေးရုံပြင်ပ လူနာဌာနသို့ ပို့ဆောင်ဆေးကုသ လျက်ရှိသည်။

လေပြင်း တိုက်ခတ်မှုကြောင့် အိမ်ထောင် စုကိုးစု လူဦးရေ ၃၃ ဦး သဘာဝ ဘေးဒဏ် ခံစားခဲ့ရပြီး နေအိမ်များ၌ပင် ပြန်လည် ပြင်ဆင် နေထိုင်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...