Social Icons

Pages

Friday, April 28, 2017

မှော်ဘီမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ စစ်မှုထမ်းဟောင်း အိမ်ရာတိုးချဲ့တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း ဆေးကုသမှုခံ ယူနေသူများကိုကြည့်ရှု အားပေးစဉ်။

နေပြည်တော် ၂၈-၄-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်၊ မြိုင်သာယာကျေးရွာအနီးနှင့် ရဲဘော် ဈေးရပ်ကွက်အနီးတို့ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာများ၌ အိမ်ရာများ ထပ်မံတိုးချဲ့ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါစစ်မှု ထမ်းဟောင်းအိမ်ရာများ ထပ်မံတိုးချဲ့တည်ဆောက်မှုကို ဧပြီ ၁ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မြိုင်သာယာကျေးရွာအနီးရှိ စစ်မှုထမ်းဟောင်းအိမ်ရာတွင် နှစ်ခန်းတွဲလေးထပ် ၁၀ လုံးနှင့် ရဲဘော်ဈေး ရပ်ကွက်အနီးရှိ စစ်မှုထမ်းဟောင်း အိမ်ရာတွင် နှစ်ခန်းတွဲ လေးထပ် ၁၄ လုံးတို့ကို ထပ်မံ တိုးချဲ့တည်ဆောက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...