Social Icons

Pages

Thursday, April 27, 2017

ပြည်ပကုန်တင်သင်္ဘောကြီးများ ဆူးလေဆိပ်ခံ တံတားအမှတ် ( ၂ ) ၌ဆိုက်ကပ်



ကုန်ပစ္စည်းတင်သင်္ဘော M V TOMINI AMITY ကို ဆူးလေဆိပ်ခံတံတားအမှတ်(၂)၌ တွေ့ရစဉ်။

ရန်ကုန် ၂၇-၄-၂၀၁၇

မြန်မာနိုင်ငံမှ အာဖရိကရှိနိုင်ငံများသို့ ဆန်အိတ်အများအပြား တင်ပို့လျက်ရှိရာ MV TOMINI AMITY အမည်ရှိ ဆန်အိတ်များ တင်ဆောင်သည့် ကုန်ပစ္စည်းတင် သင်္ဘောကြီးမှာ မြန်မာနိုင်ငံအတွင်း ဒုတိယမြောက်
အကြီးဆုံး ကုန်ပစ္စည်းတင် သင်္ဘောအနေဖြင့် ဝင်ရောက်လာပြီး ဆူးလေဆိပ်ခံတံတား အမှတ်(၂)၌ ဆိုက်ကပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ဝင်ရောက် ခြင်းမရှိဘူးသည့် ၁၈၅ မီတာအရှည်ရှိ ယင်းကုန်ပစ္စည်းတင် သင်္ဘောကြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကုန်ချခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ဆူးလေဆိပ်ခံတံတား အမှတ် (၂) သို့ ရောက်ရှိ ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်းရှိ ဆန်အိတ် တန်ချိန် ၂၂ဝဝဝ ကိုတင်ဆောင်မည် ဖြစ်သည်။ အဆိုပါကုန်တင်သင်္ဘောကြီးသည် မြန်မာနိုင်ငံမှ ဆန်အိတ်များအားတင်ဆောင် သယ်ယူထွက်ခွာပြီး အိန္ဒိယနိုင်ငံမှ ဆန်အိတ်တန်ချိန် ၁၂ဝဝဝ ကို ဆက်လက်တင်ဆောင် သယ်ယူကာ အာဖရိကရှိနိုင်ငံများသို့တင်ပို့ ဖြန့်ဖြူး
မည်ဖြစ်သည်။ 

ပြည်ပကုန်ပစ္စည်းတင် သင်္ဘောကြီးမှ အဆိုပါသင်္ဘောပိုင်ရှင်၏ အေးဂျင့်ဖြစ်သော ဝါရင့်ကပ္ပတိန် ဟင်နရီဦးခင်မောင်က ''ခုဆိုအပြင်မှာ ကြန့်ကြာပြီး စောင့်နေရတာဟာ အနည်းဆုံး ၁ဝ ရက်လောက် လျော့နည်းသွား
ပါတယ်။ ဒီဆိပ်ကမ်းမှာ သင်္ဘောကြီးကပ်လိုက် တဲ့အတွက် Shipper များ၊ ဆန်ကုန်သည်များအတွက် ကုန်ကျစရိတ်သိသာ သွားပါတယ်။ ဘာလို့လဲဆိုတော့ လှိုင်သာယာကနေ ဆူးလေဆိပ်ကမ်းကို ဆန်အိတ်များ သယ်ဆောင် လာတဲ့အခါမှာ ကားခက တစ်တန်ကို ငွေကျပ် ၆ဝဝဝ ကျော် ကျပါတယ်။ အကယ်၍ သီလဝါ ဆိပ်ကမ်းကိုသာ သယ်ဆောင်ရမယ်ဆို ကားခက တစ်တန်ကို ငွေကျပ် ၈ဝဝဝ ကျော် ကျပါလိမ့်မယ်။ 
ဒါကြောင့်မို့ သယ်ယူခအနေနဲ့တစ်တန်ကို ၁ ဒေါ်လာခွဲလောက်သက်သာ သွားပါပြီ။ ဒီတော့ သက်သာတဲ့အရာတွေဟာ တဖြည်းဖြည်းနဲ့ အရှိန်တစ်ခုရလာတဲ့ အခါကျရင် ဆန်ကုန်သည်တွေအနေနဲ့ မြန်မာ့ဆန်ကို ဈေးနှုန်းပိုပေးပြီး လယ်သမားတွေ ဆီကနေဝယ်ယူနိုင်ကြမှာဖြစ်ပါတယ်''ဟုပြောသည်။

အဆိုပါမြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ဒုတိယမြောက် အကြီးဆုံးကုန်ပစ္စည်း တင်သင်္ဘောကြီးမှာ ဆန်အိတ်များတင်ဆောင် ပြီးမည့် ခန့်မှန်းရက်ဖြစ်သော မေ ၂ ရက်တွင် ဆူးလေဆိပ်ခံ တံတားအမှတ် (၂) ဆိပ်ကမ်းမှထွက်ခွာမည် ဖြစ်သည်။

ဧပြီ ၆ ရက်ကလည်း မီတာ ၁၉ဝ အရှည်ရှိ ကုန်ပစ္စည်းတင် သင်္ဘောကြီး ဝင်ရောက်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ဆူးလေဆိပ်ခံ တံတားအမှတ် (၂) ဆိပ်ကမ်းမှ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...