Social Icons

Pages

Thursday, April 6, 2017

ပါကစ္စတန်ရေတပ်မှစစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးလည်ပတ်ပြီးပြန်လည်ထွက်ခွာ


ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ်အား တပ်မတော် (ရေ)မှ တာဝန်ရှိသူတို့က သီလဝါဆိပ်ကမ်း ရှိ 
MITT တံတား၌ ပို့ဆောင်နှုတ်ဆက်စဉ်။

နေပြည်တော် ၆-၄-၂၀၁၇

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက် ရှိနေသည့် ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ် PNS SAIF သည် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် စစ်သံမှူးတို့က သီလဝါဆိပ်ကမ်းရှိ MITT တံတား၌ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်တွင် ပါကစ္စတန် ရေတပ်မှ Commodore Zaka Ur Rehman SI(M) ဖြစ်သူဦးဆောင်၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၉၇ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၂ ရက်မှ ၅ ရက် အထိလေးရက်ကြာ နေထိုင်၍ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လည်ပတ်လေ့လာခြင်း၊ သန်လျင်လူငယ်သင်တန်းကျောင်းရှိ သင်တန်းသား လူငယ်မောင်မယ် များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူ ဘဏ်တွင်သွေး လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...