Social Icons

Pages

Thursday, April 27, 2017

ဆူးလေစေတီတော်၏ စိန်ဖူးတော် ထီးတော်နှင့် ငှက်မြတ်နားတော်တို့အား ရွှေသားအစစ်ဖြင့် ကပ်လှူပူဇော်မည်



ရန်ကုန် ၂၇-၄-၂၀၁၇

ဆူးလေစေတီတော်၏ စိန်ဖူးတော်၊ ထီးတော်နှင့် ငှက်မြတ်နားတော်တို့အား ရွှေသားအစစ်ဖြင့် ကပ်လှူပူဇော်မည်ဖြစ်ရာ အလှူရှင်များအနေဖြင့် ကုသိုလ်ယူပါဝင် လှူဒါန်းနိုင်ကြောင်း စေတီတော်ဂေါပက အဖွဲ့မှ သိရသည်။

''အဲဒီနေရာတွေမှာ အခုကပ်လှူ ထားတာက မျက်ပါးရွှေတွေပါ။ ဒါကို ရွှေသား အစစ်နဲ့ပြောင်းလဲပြီး အသစ်ကပ်လှူပူဇော် မှာဖြစ်ပါတယ်။ ကြုံကြိုက်ခဲတဲ့ကာလ ဒါနအလှူလေးမှာ ဘယ်သူမဆို ပါဝင်လှူဒါန်း လို့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ရင်ပြင်တော်ပေါ်မှာ အလှူခံဌာနဖွင့်လှစ်ပြီး ရွှေတစ်ကျပ်သားကို ငွေကျပ် ၇၅ဝဝဝဝ နဲ့ လက်ခံဆောင်ရွက် ပေးနေပါတယ်''ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆူးလေစေတီတော်သည် ကိုးပါးသော ရတနာတို့ဖြင့် စီခြယ်သော အမြင့်အားဖြင့် ၉ တောင် ၂ မိုက်နှင့် အဝ ၄ တောင် ၂ မိုက် ရှိသည့်ထီးတော် တင်လှူထားရှိပြီး ဥာဏ်တော် မှာ ၆၇ တောင် ၁ မိုက်၊ စေတီတော်အဝန်းမှာ ၂၆၄ တောင်နှင့် ထီးတော်၌ ဆည်းလည်း အလုံးရေ ၁၇ဝ ရှိကြောင်း သိရသည်။

စိန်ဖူးတော်၊ ထီးတော်နှင့် ငှက်မြတ်နားတော်တို့အား ရွှေသားအစစ်ဖြင့် ပါဝင်လှူဒါန်း လိုသူများအနေဖြင့် ဆူးလေစေတီတော် ဂေါပကအဖွဲ့ရုံး ဖုန်း-ဝ၁-၃၇၁-ဝဝ၉၊ ဝ၁-၃၇၁၅၆၁၊ ဝ၁-၃၇၁၅၆၂ ၊ ဝ၉-၅၁၄၆၆၅၄ နှင့် ဝ၉-၅ဝ၁၆၉၁၆ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...