Social Icons

Pages

Wednesday, April 26, 2017

ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသ၌ ယွန်းထည်ပစ္စည်း အရောင်းအဝယ်အေးနေပြီး အပ်ထည်သာများပြားလျက်ရှိ



ပုဂံ ၂၆-၄-၂၀၁၇

ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသတွင် ဧပြီလမှစတင်ကာ ခရီးသွား ဝင်ရောက်မှုနည်း ပါးလာပြီး ယွန်းထည်လက်မှု ပစ္စည်းရောင်းချရမှု အရောင်းအဝယ် အေးသွားပြီး အပ်ထည် များသာများပြား နေကြောင်း ပုဂံမြို့ယွန်းထည်လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။

''ခုရာသီက အရောင်းအဝယ်ပါး သွားပြီ။ ဧည့်သည်ပါးတာနဲ့ လည်းဆိုင်တယ်။ ရာသီက ပူလာတာကြောင့် ဧည့်သည်ရော၊ ခရီးသွားကားတွေလည်း နည်းသွားပြီ။ ဆိုင်ကြီးတွေက အပ်တာတွေပဲ ပုံမှန်လုပ်နေရတယ်။ ခုချိန်ကအပ်ထည်ပဲ လက်ခံနေရတယ်။ ဒီနှစ်ကအရောင်နဲ့ ပစ္စည်းတွေဝယ်ကြ တာများတော့ အရောင်တင်ဖို့ အပ်တာများတယ်''ဟု ယွန်းထည် ပစ္စည်းပြုလုပ်သူ ကိုကိုမောင် ကပြောသည်။

လက်ရှိဒိုင်ကြီးများမှ အပ်နှံသည့်ပစ္စည်း များတွင် အရောင်တင်ရန် ကွမ်းအစ်၊ ရေခွက်၊ ဗန်းအမျိုးမျိုးနှင့် ပန်းကန် စသည်တို့ကို အများဆုံးအပ်နှံ ကြကြောင်း သိရသည်။

လက်ရှိ ပုဂံယွန်းထည် ပစ္စည်းဈေးကွက်သည် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဈေးကွက်အရဆုံး ရာသီဖြစ်ပြီး အရောင်းအဝယ် အေးနေသည့် ရာသီတွင် အကြမ်းထည် ပစ္စည်းများပြုလုပ်ခြင်း၊ ပစ္စည်းများအရောင်တင်ခြင်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။

''ဒီအချိန်က မိုးနဲ့လေနဲ့ဆိုတော့ ခရီးသွားသူ နည်းလာတယ်။ ဒီမှာက လေးလလောက်ပဲ ဈေးကွက်ရှိတာ။ ကျန်တဲ့လက ဒီလိုပဲအရောင်း ပါးတယ်''ဟု ပုဂံဒေသရှိ ယွန်းထည်ပစ္စည်း အရောင်းဆိုင်မှ မဝါကပြောသည်။

မြန်မာ့ယွန်းထည် ပစ္စည်းများသည် ပြည်ပခရီး သွားများ စိတ်ဝင်စားသည့် လက်မှုပစ္စည်း တစ်ခုဖြစ်ပြီး ပြည်ပနိုင်ငံများမှ ပုဂံဒေသထွက် လက်မှုပစ္စည်း ယွန်းထည်များကို ယွန်းခွက်၊ ယွန်းပန်းကန်၊ ယွန်းရေနွေးအိုး၊ ယွန်းဆွမ်းတောင်း၊ ယွန်းဆွမ်းအုပ်နှင့် မီးအိမ်များ စသည့်ပစ္စည်းများကို အကြိုက်များ ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...