Social Icons

Pages

Friday, March 31, 2017

KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ အဖွဲ့ဝင်သုံးဦး ဥပဒေဘောင်အတွင်း ၀င်ရောက်


ဥပဒေဘောင်အတွင်း ၀င်ရောက်လာသည့် KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ 
အဖွဲ့ဝင် သုံးဦးကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၇

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ မှ အဖွဲ့ဝင်သုံးဦးဖြစ်သော ဒုတိယတပ်ကြပ် အဆင့်ရှိ တိန့်ယိန်း၊ တပ်သားအဆင့်ရှိ ဂဒိုးဆင်ဝါး နှင့် အင်ဂျန်းနော်ဂျာ တို့ သုံးဦးသည် မတ် ၂၃ ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင် ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်၊ လုပီကျေးရွာ အနီး နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသည့် တပ်မတော် စစ်ကြောင်းသို့ လာရောက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်။

တိန့်ယိန်း၏ ပြောကြားချက်အရ ၄င်းကိုင်ဆောင်သည့် သေနတ်အား လုပီကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခွဲခန့်အကွာ၌ ဝှက်ထားကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်း မှ သွားရောက်ရှာဖွေရာ အမ်-၂၂ သေနတ် တစ်လက်၊ ၄င်းကျည်အိမ်တစ်ခု၊ ၄င်းကျည် ရှစ်တောင့်နှင့် လွယ်ကြိုးတစ်ချောင်း တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သူသုံးဦး တို့သည် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက်လုပ်ရပ် များကို ရွံမုန်းလာခြင်း၊ ၄င်းတို့၏ အကြမ်းဖက်လုပ်ရပ် များသည် ဒေသခံတိုင်းရင်းသား ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးများ ကျရောက်နေသည့် အဖြစ်မှန်ကို သိရှိလာခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ သဘောထားအမှန်ကို သိရှိ နားလည်လာခြင်း၊ နိုင်ငံတော်၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြ လာခြင်းတို့ကြောင့် လုပီကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ လက်အောက်ခံ စခန်းမှ ထွက်ပြေးလာခဲ့ပြီး တပ်မတော် စစ်ကြောင်းမှ တစ်ဆင့် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...