Social Icons

Pages

Tuesday, March 21, 2017

ပုဂံဆည်းဆာချိန် အပျော်စီးသင်္ဘော ( Cruise de Bagan ) ကို သင်္ကြန်အထူးအစီအစဉ်အဖြစ် တစ်လတိုးပြေးဆွဲမည်




မန္တလေး ၊ ၂၁-၃-၂၀၁၇

ညောင်ဦး-ပုဂံ ဧရာဝတီ မြစ်ကြောင်းသွား နိုင်ငံခြားခရီးသွား ဧည့်သည်များ အတွက် အထူးစီမံ၍ ပြေးဆွဲပေးနေသော ပုဂံဆည်းဆာချိန် အပျော်စီးသင်္ဘော (Cruise de Bagan) ကို သင်္ကြန်အထူး အစီအစဉ် အနေဖြင့် နှစ်စဉ်ပုံမှန် ပြေးဆွဲမှုထက် တစ်လတိုး၍ ပြေးဆွဲသွားမည် ဖြစ်ကြောင်း Cruise de Bagan မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Cruise de Bagan သင်္ဘောကို ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းက စတင်၍ ပြည်ပဧည့်သည်များ အတွက် အထူးစီစဉ် ထားရုံမျှမက ပြည်တွင်း ဧည့်သည်များပါ စီးနင်းလိုက်ပါ နိုင်ရန်နှင့် မင်္ဂလာပွဲ၊ ဧည့်ခံပွဲ၊ အစည်းအဝေးပွဲများ၊ Dinner အစီအစဉ်များဖြင့် ပြည်တွင်းရေကြောင်း ဆည်းဆာချိန် အပျော်စီးသင်္ဘော ကို Tradition of Excellence စီစဉ်၍ ရေကြောင်းနှင့် မိုးလေဝသ အနေအထားများပေါ် မူတည်ကာ နှစ်စဉ် မတ်လကုန်ထိ ပြေးဆွဲခဲ့သည်။

ယခုနှစ်တွင် အဆိုပါသင်္ဘောကို သင်္ကြန် အထူးအစီအစဉ် အနေဖြင့် ယခင်နှစ်များထက် တစ်လတိုး၍ ဧပြီလထိ ပြေးဆွဲသွားမည် ဖြစ်သည်။ ထို့ပြင် ဖျော်ဖြေရေး၊ Dinner စသော အစီအစဉ်များ မပါဘဲ Sunset အစီအစဉ် သီးသန့် သတ်မှတ်၍လည်း ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

''လောလောဆယ် မှာတော့ သင်္ကြန်အထူး အစီအစဉ်အနေနဲ့ နှစ်တိုင်းထက် တစ်လတိုးပြီး သင်္ကြန်ကာလ တွေထိ ပြေးဆွဲသွားဖို့ စီစဉ်ထားပါတယ်။ ပြေးဆွဲမယ့် သင်္ကြန်ရက်အတွင်း ဘယ်လို ပရိုမိုးရှင်းပွဲတွေ လုပ်ရမယ် ဆိုတာက တော့ အသေးစိတ် ထပ်ပြီး စီစဉ်ရအုံးမှာပါ။ သင်္ကြန်ကာလ ပြီးရင်တော့ သင်္ဘောပြေးဆွဲ တာကိုရပ်ပြီး သင်္ဘောကြံ့ခိုင်ရေး အတွက် မန္တလေး နဲ့ မင်းကွန်း တစ်နေရာကို သွားပြီး လုပ်ဆောင်မှာပါ။ ပြီးရင် စက်တင်ဘာ လထဲမှာ ပြန်ပြီး ပြေးဆွဲသွား မှာပါ'' ဟု အဆိုပါ သင်္ဘောမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...