Social Icons

Pages

Thursday, March 9, 2017

မိုးကောင်းမြို့နယ် နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်း ကမ်းပြိုကာကွယ်ရေး ၀ါးကရစ်ခင်း စိုက်ထူခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီး



မိုးကောင်း ၊ ၉-၃-၂၀၁၇

ကချင် ပြည်နယ် မိုးကောင်း မြို့နယ် အတွင်း မိုးဥတုတွင် နန့်ကောင်း ချောင်းနှင့် နန့်ရင်းချောင်း  တို့၌ မိုးရေ တိုက်စား မှုကြောင့် ကမ်းပါးပြိုမှု များဖြစ်ပွားပြီး နေအိမ် အဆောက် အအုံများ မျောပါခြင်း တို့ကြောင့် ပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြု ရန်ပုံငွေ ဖြင့် ကမ်းပြို ကာကွယ် ထိန်းသိမ်း ရေးလုပ်ငန်း အဖြစ် ဝါး ကရစ်ခင်း စိုက်ထူခြင်း လုပ်ငန်းကို ချမ်းမြေ့ဦး ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့ထိ လုပ်ငန်း အားလုံး ၏ ၈ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

''မိုးကောင်း မြို့မှာ မိုးဥတု ဆိုရင် နန့်ကောင်း ချောင်းနဲ့ နန့်ရင်း ချောင်းတို့မှာ ရေများပြီး ကမ်းပြိုမှု တွေနှစ်စဉ် ဖြစ်ပါတယ်။ အဲဒီလို ကမ်းပြိုမှု ဖြစ်ပြီး နေအိမ်တချို့ ရေစီးနှင့် မျောပါခဲ့မှု ကြောင့် ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ညွှန်ကြားမှု နဲ့ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနရဲ့ အနီးကပ် ကြီးကြပ်မှု နဲ့ ဝါးကရစ်ခင်း စိုက်ထူတဲ့ လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူ ထားတာ ကတော့ အလျား ပေ၂ဝဝဝ၊ အနံ၂၅ ပေနဲ့ မြေဝင် ၁ဝ ပေ၊ မြေပေါ်ငါးပေ၊ ဝါးကရစ် ခင်းစိုက် ထူတဲ့ လုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ အခုလို ဝါးကရစ်ခင်း စိုက်ထူထားလို့ ရေစီး နဲ့အတူ မျှောပါလာတဲ့ နုန်းနှင့် အမှိုက် သရိုက်များကို ထိန်းသိမ်း ထားနိုင်ပြီး မြစ်ကမ်းပါး ပြိုမှုကို ကာကွယ် နိုင်မှာပဲ ဖြစ်ပါတယ်'' ဟုချမ်းမြေ့ဦး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

ကမ်းပြို ကာကွယ်မှု ထိန်းသိမ်း ရေးကို ကချင်ပြည်နယ် အစိုးရအဖွဲ့ ၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၃၈ ဒသမ ၈ သန်း အကုန် အကျခံဆောင်ရွက်ခြင်း ဖြစ်ပြီး သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ အချိန်မီ ပြီးစီး နိုင်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးဇော်ထွေးနှင့် တာဝန် ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...