Social Icons

Pages

Thursday, March 9, 2017

သဘာဝဓာတ်ငွေ့ တင်ပို့မှု ကဏ္ဍ လျော့လျသွားခဲ့သော်လည်း ကျန်သည့် ပို့ကုန်ကဏ္ဍများတွင် တိုးမြှင့်တင်ပို့နိုင်ခဲ့



နေပြည်တော် ၊ ၉-၃-၂၀၁၇

ယခု၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် ၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ သဘာဝ ဓာတ်ငွေ့ တင်ပို့မှု ကဏ္ဍမှာ လျော့ကျ သွားခဲ့ သော်လည်း ကျန်သည့် ပို့ကုန် ကဏ္ဍများ တွင် တိုးမြှင့် တင်ပို့ နိုင်ခဲ့ သဖြင့် မြန်မာ့ ပြည်ပ ပို့ကုန် ကဏ္ဍ တိုးတက် လာခဲ့ ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန သတင်း များအရ သိရသည်။ 

စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ် ရေးဦး စီးဌာန အနေဖြင့် ပို့ကုန် သုံးဆ တိုးမြှင့် တင်ပို့ နိုင်ရေးကို  အဓိက ဦးတည်ချက် အဖြစ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည်။ 

ထိုသို့ ပို့ကုန် ကဏ္ဍ တိုးမြှင့် နိုင်မှ သာလျှင် နိုင်ငံတော် ၏စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။ ထို့ကြောင့် ပို့ကုန်  တိုးမြှင့် တင်ပို့ နိုင်ရေး အတွက် ဆောင်ရွက် ခဲ့ရာ ယခု ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ ပို့ကုန်  ကဏ္ဍတွင် ပင်လယ် ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း များမှ အမေရိကန် ဒေါ်လာ သန်း ၆ဝဝဝ ကျော်ဖိုး နှင့် နယ်စပ် ကုန်သွယ် ရေးလမ်းကြောင်း များမှ အမေရိကန် ဒေါ်လာ သန်း ၄ဝဝဝ ကျော်ဖိုး တင်ပို့ နိုင်ခဲ့သည်။  

အဆိုပါ တင်ပို့ မှုမှာ ယခင် ဘဏ္ဍာနှစ်ကထက် သဘာဝ ဓာတ်ငွေ့ တင်ပို့ မှုမှ အမေရိကန် ဒေါ်လာ ၁ဒသမ ၂ ဘလီယံဖိုး ခန့် လျော့နည်း တင်ပို့ ခဲ့ရ သော်လည်း အခြားသော ပြည်ပ ပို့ကုန်များမှ ပို့ကုန် ရငွေမှာ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် ပိုမို ရရှိလာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...