Social Icons

Pages

Thursday, March 16, 2017

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီး ရောက်ရှိ



နေပြည်တော် ၊ ၁၆-၃-၂၀၁၇

ဘင်္ဂလားဒေ့ရှ် ရေတပ်မှ စစ်ရေယာဉ် BNS PROTTOY သည် ပြည်ထောင်စု သမ္မတ  မြန်မာ နိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးလည်ပတ် ရန်အတွက် ယမန်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိ ကြီးများ၊  မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်သံမှူး နှင့် တပ်မတော်  (ရေ ) မှ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ် ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်အား စစ်ရေယာဉ်မှူး Capt M Monir Uddin Mollick ဦးစီး၍ အရာရှိ ၂၉ ဦး၊ အခြားအဆင့် ၁၁၇ ဦး စုစု ပေါင်း ၁၄၆ ဦးလိုက်ပါ လာပြီး မြန်မာနိုင်ငံတွင် မတ် ၁၈ ရက်ထိ လေးရက် ကြာနေထိုင်၍ လေ့လာ လည်ပတ်သွားမည် ဖြစ်ပြီး ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...