Social Icons

Pages

Saturday, March 18, 2017

(၇၂)နှစ်မြောက်တပ်မတော်နေ့အားဂုဏ်ပြုသောအားဖြင့် မြန်မာသံစဉ်ဂီတနှင့် သဘင်အနုပညာရှင်များက ဖျော်ဖြေပွဲပြုလုပ်


ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဧည့်ပရိသတ်များက (၇၂)နှစ်မြောက်တပ်မတော်နေ့အားဂုဏ်ပြုသော
အားဖြင့် မြန်မာသံစဉ်ဂီတနှင့်သဘင်အနုပညာရှင်များ၏သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

(၇၂) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် မြန်မာသံစဉ်ဂီတနှင့် သဘင်အနုပညာရှင်
များ၏ သီဆိုကပြဖျော်ဖြေမှုကိုတွေ့ရစဉ်။

နေပြည်တော် (၁၈-၃-၂၀၁၇)

(၇၂)နှစ်မြောက် တပ်မတော်နေ့ အား ဂုဏ်ပြုသော အားဖြင့် မြန်မာသံစဉ် ဂီတနှင့်သဘင် အနုပညာရှင် များ၏ ဖျော်ဖြေပွဲ အခမ်းအနား အား ယနေ့ည ၆ နာရီခွဲတွင် နေပြည်တော်၊ ဇေယျာသီရိ ဗိမာန်ရှိ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက် အားပေး ချီးမြှင့်သည်။

ဖျော်ဖြေပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။  

အဆိုပါ ဖျော်ဖြေပွဲတွင် ဂန္ထ၀င်ဂီတ ပညာရှင်များနှင့် တေးသံရှင် များက မြန်မာသံစဉ် တေးသံသာများဖြင့်လည်းကောင်း၊ မန္တလေး သိန်းဇော် ဦးစီးဇာတ်သဘင် ပညာရှင်များက မြန်မာ့ရိုးရာဆိုင်း၊ အဆို၊ အတီးနှင့် ရုပ်သေးနှစ်ပါးသွား အကစသည့် အကပဒေသာ များဖြင့် လည်းကောင်း သီဆိုကပြ ဖျော်ဖြေကြရာ တက်ရောက်လာ ကြသူများက ကြည့်ရှု အားပေး ကြသည်။

ဖျော်ဖြေ တင်ဆက်မှုများ အပြီးတွင် ဝါရင့် ဂန္ထဝင်ဂီတ အနုပညာ ရှင်ကြီးများနှင့် မန္တလေးသိန်းဇော် ဇာတ်သဘင်အဖွဲ့သားများအား ဒုတိယ သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့က ဂုဏ်ပြုချီးမြှင့် ငွေများချီးမြှင့် ပေးအပ်ခဲ့သည်။ အဆိုပါ မြန်မာသံစဉ် ဂီတနှင့် သဘင် အနုပညာရှင် များသည် မတ် ၁၈ ရက်၌ ဇေယျာသီရိ ဗိမာန်တွင် လည်းကောင်း၊ မတ် ၁၉ ရက်နှင့် ၂ဝ ရက်တွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် တပ်မတော် စစ်ရေးပြ စစ်ကြောင်း များမှ အရာရှိ၊ စစ်သည်များကို လည်းကောင်း ဆက်လက်ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...