Social Icons

Pages

Saturday, March 18, 2017

(၇၂)နှစ်မြောက်တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၂)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမှာစကားပြောကြားစဉ်။

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ဆက်ဆံရေးပြခန်းကို ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် (၁၈-၃-၂၀၁၇)

(၇၂)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်၊ စစ်ကြောရေး နှင့်တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် သက်ဆိုင်ရာ ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက (၇၂)နှစ်မြောက် တပ်မတော်နေ့အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကော်မတီ များမှ  ဆောင်ရွက် ရမည့်လုပ်ငန်း များနှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ ကော်မတီများနှင့် လုပ်ငန်း အဖွဲ့များမှ လုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေ များကို အသေးစိတ် ရှင်းလင်း တင်ပြကြပြီး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ကြသည်။ 

အစည်းအဝေး အပြီးတွင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် စစ်ရေးပြ စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၏ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စားချက်ဆောင်များ ကိုလည်းကောင်း၊ ပြည်သူ့ဆက်ဆံ ရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ ဆက်ဆံရေး ပြခန်းကို လည်းကောင်း၊ ကျန်းမာရေးနှင့် ဆေးအကာကွယ် ပေးရေး ကော်မတီ ၏ လုပ်ငန်းဆောင်ရွက် မှုများကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ် ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရ ရှိသည်။

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...