Social Icons

Pages

Tuesday, March 7, 2017

ကမ္ဘာ့ကျန်းမာရေးစင်တာ ဆေးရုံက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု စင်တာ ဖွင့်လှစ်မည်


ရန်ကုန် ၊ ၇-၃-၂၀၁၇

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကမ္ဘာ့ကျန်းမာရေး စင်တာဆေးရုံ (World Medical Center - WMC) သည် မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရတနာမွန် အိမ်ရာ၌ ရုံးခွဲလာရောက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Myanmar Investment Co., Ltd.မန်နေးဂျင်း ဒါရိုက်တာ ကိုသက်ထွန်းဦး ထံမှ သိရသည်။

ကမ္ဘာ့ကျန်းမာရေး စင်တာဆေးရုံ ၌ ပုံမှန် အထွေထွေ ရောဂါကု ဆေးရုံများ၌ ရှိသော ကျန်းမာရေးဌာန များအပြင် နှလုံးခွဲစိတ်မှု နှင့် အဏုကြည့် မှန်ပြောင်းသုံး နည်းပညာဖြင့် နှလုံး ခွဲစိတ်ခြင်း၊ ဖန်ပြွန် သန္ဓေသား စင်တာနှင့် ကလေး Chromosome ရွေးချယ်ခြင်း၊ အရေအတွက် ရွေးချယ်ခြင်း ဆိုင်ရာ အဆင့်မြင့် နည်းပညာဌာန နှင့် တခြားအထူးကု ကုထုံးနည်းပညာ များဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံရုံးခွဲ၌ ကျွမ်းကျင်ဆရာဝန် များနှင့် Pre Consulting ဝန်ဆောင်မှုများ ပေးခြင်း၊ လေယာဉ် လက်မှတ်နှင့် ဗီဇာ ကို တစ်နေရာတည်း၌ အမြန်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အရေးပေါ် လေကြောင်း နှင့် လူနာတင်ယာဉ် (Air Ambulance) ချိတ်ဆက်နိုင်ရန် ကူညီ ဆောင်ရွက်ပေး ခြင်းနှင့် ခရီးစဉ်တွင် ဘီးတပ် ကုလားထိုင် သို့မဟုတ် အိပ်စင်ဖြင့် စီးနင်းရန် လိုအပ်သည့် လူနာများအတွက် စီစဉ်ဆောင်ရွက် ပေးပြီး ခန့်မှန်းကုန်ကျ စရိတ်များ တွက်ချက် ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...