Social Icons

Pages

Friday, March 31, 2017

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီး ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့ကို 
တပ်မတော်(ရေ)မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ် ဗောတံတားမှ ထွက်ခွာရာ တပ်မတော်(ရေ )မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူ များအား ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ် ကုသခြင်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

ထို့ပြင် အရေးပေါ် အခြေအနေ ပေါ်ပေါက်ပါက ဆေးရုံ ရေယာဉ်ပေါ်၌ လူနာ ၃ဝ ဦးအထိ တင်ဆောင်ကုသ နိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ဆောင် များလည်း ပါရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...