Social Icons

Pages

Wednesday, March 15, 2017

ရွှေပြည်အပန်းဖြေစခန်းရှိ ပန်းပုရွာကို ကမ္ဘာပေါ်တွင် သစ်သားပန်းပုရုပ်တု အများဆုံးနေရာ ဒေသအဖြစ် ဖော်ဆောင်မည်



ပဲခူး ၁၅-၃-၂၀၁၇

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ၁ဝ မိုင်ကုန်း အနီး ရွှေပြည် အပန်းဖြေ စခန်း၌ ဖွင့်လှစ် ထားသော ပန်းပုရွာကို ကမ္ဘာပေါ် တွင် သစ်သား ပန်းပု ရုပ်တုများ တစုတစည်း တည်းနှင့် အများဆုံး ပြသ ထားသော နေရာ တစ်ခုအဖြစ် ဖော်ဆောင် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပန်းပု ရုပ်တု အများ အပြားကို စုစည်း ပြသထား ခြင်းဖြင့် ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည် များ၏ စိတ်ဝင်စား မှုကို ရရှိလာ စေရန် မျှော်မှန်း ထားကြောင်း၊ လက်ရှိတွင် ပန်းပုရွာ တစ်ခုအဖြစ် လူသိများ လာပြီး ကမ္ဘာပေါ်တွင် သစ်သား ပန်းပု ရုပ်တုများ  အများဆုံး ပြသ ထားသော နေရာ တစ်ခု အဖြစ်လည်း အသိအမှတ် ပြုခံရ စေရန် ပန်းပုရုပ် တုများ ထပ်မံ စုဆောင်းခြင်း၊ ပန်းပုရုပ်တု ထားရှိရန် အဆောင်သစ် ဆောက်လုပ် ခြင်းများ စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ပန်းပုရွာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

အဆိုပါ ရွှေပြည် အပန်းဖြေ စခန်းရှိ ပန်းပုရွာ၌ စုစည်း ပြသထားသော ပန်းပု ရုပ်တု များကို ဒဂုံ (မြောက်ပိုင်း) မြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် စသည့် နေရာတို့ ၌ ထုလုပ် ခဲ့သည့် အပြင် ရန်ကုန်မြို့ ဆရာစံ ပလာဇာမှ ပန်းပု ရုပ်တု များကိုလည်း ယူဆောင် လာကာ ရွှေပြည် အပန်း ဖြေစခန်း တွင် ပန်းပုရွာ အဖြစ်တည် ထောင်ထားခြင်း ဖြစ်ကြောင်း၊ ရာနှင့် ချီရှိသော ပန်းပု ရုပ်တု ပေါင်းများစွာ ကို အမျိုးအစား အလိုက် အဆောင်များ ခွဲခြားကာ ပြသထား ခြင်းဖြစ်ပြီး နောက်ထပ် အဆောင် သစ်များ ကိုလည်း ထပ်မံ တိုးချဲ့ ဆောက်လုပ် သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ 

လက်ရှိ ပြသထားသော ပန်းပု ရုပ်တုများ ထုလုပ်ရန် လိုအပ်သော သစ်သား တုံးများကို ပြည်တွင်း၌ မုန်တိုင်းများ တိုက်ခတ် စဉ်က လဲကျ ခဲ့သော သစ်ပင်များ နှင့် ဆောက်လုပ်ရေး လုပ်ငန်း ခွင်များတွင် လမ်း၊ တံတား များ၊ အဆောက် အအုံများ ဆောက်လုပ်ရန် မလွတ်ကင်း သဖြင့် ခုတ်လှဲ ခဲ့ရသော သစ်ပင် များကို သက်ဆိုင်ရာမှ တရားဝင် ဝယ်ယူခဲ့ ခြင်း ဖြစ်ကြောင်း၊ အဆိုပါ သစ်ပင် များကို အသုံးပြုပြီး ထုလုပ် ထားသော ပန်းပုရုပ်တု များထဲတွင် အရွယ်အစား မျိုးစုံ၊ ပုံသဏ္ဌာန် မျိုးစုံ ပါဝင်သည့် အပြင် ပေ ၂ဝ ကျော် အထိ အရှည် ရှိသော ပန်းပု ရုပ်တုများ ကိုလည်း ပုံဖော် ထုလုပ်ကာ ပြသ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...