Social Icons

Pages

Thursday, March 9, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Eth Sarath နှင့်ဇနီး နှင့် တာဝန်ရှိသူများက ကမ္ဘောဒီးယားနိုင်ငံ Pochentong တပ်မတော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့တပ်မတော်
 နိုင်ငံခြားဆက်ဆံရေးဌာန အကြီးအကဲ Lt. Gen. Vu Chien Thang အား 
အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်စဉ်


နေပြည်တော် ၊ ၉-၃-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. POL SAROEUN ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ဆက်လက် လည်ပတ်ရန်အတွက် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ သို့ ဆက်လက် ထွက်ခွာရာ ဗီယက်နမ် ပြည်သူ့တပ်မတော် နိုင်ငံခြား ဆက်ဆံရေးဌာန အကြီးအကဲ Lt. Gen. Vu Chien Thang နှင့် တပ်မတော် အရာရှိကြီးများ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦး နှင့် တာဝန်ရှိသူ များက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

လေဆိပ်ဧည့်ခန်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံခြား ဆက်ဆံရေးဌာန အကြီးအကဲအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီး နိုင်ငံခြား ဆက်ဆံရေးဌာန အကြီးအကဲက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ အား အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြုသည့် အနေဖြင့် ပန်းစည်းလက်ဆောင် ပေးအပ်သည်။

ယင်းနောက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ Pochentong တပ်မတော် လေဆိပ်သို့ ရောက်ရှိရာ ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Eth Sarath နှင့်ဇနီး၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်စိုး နှင့်ဇနီး ၊ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းကိုနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...