Social Icons

Pages

Sunday, March 5, 2017

တရားမ၀င် ရွှေတူးဖော်နေသူများအား ဖမ်းဆီးရမိ



နေပြည်တော် ၊ ၅-၃-၂၀၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံကျေးရွာ အနီးရှိ တက်လက်ရွှေမှော် တစ်ဝိုက်၌ တရားမဝင် ရွှေတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းမှ နယ်မြေရှင်းလင်း မှုများ ဆောင် ရွက်ရာ မတ် ၁ ရက် ညနေ ၆ နာရီခန့်တွင် ဝှေလုံကျေးရွာ၏ အနောက် တောင်ဘက် ၃ မိုင်ခန့်အကွာ၌ တရားမဝင် ရွှေတူးဖော်နေသည့် ဦးလနောင်(ဘ) ဦးဇော်ရှိန်နှင့် ကျင်းသားခုနစ်ဦး တို့ကို ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား လုံးတုံနယ်မြေ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ် ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...