Social Icons

Pages

Friday, March 10, 2017

ဟားခါးမြို့ အလှအပရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းသာ မျှော်စင်တည်ဆောက်မည်



ဟားခါး ၊ ၁၀-၃-၂၀၁၇

ချင်းပြည်နယ် ဟားခါးမြို့၏ အလှအပ ရှုခင်းများကို ခရီးသွား ဧည့်သည်များ အပေါ်စီးမှ ကြည့်ရှုနိုင်ရန် ရှုခင်းသာမျှော်စင် တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် ဟားခါးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဘွဲ ထံမှ သိရသည်။

အဆိုပါ ရှုခင်းသာမျှော်စင် ၌ လာရောက် ကြည့်ရှုသူများ လေ့လာနိုင်ရန် ချင်းလူမျိုးတို့၏ ရိုးရာ တူရိယာများ၊ ရိုးရာ ဝတ်စုံများ၊ အပန်းဖြေ အနားယူနိုင်မည့် ထိုင်ခုံများနှင့် အားကစားပစ္စည်း များကိုပါ ထားရှိပေးသွားမည် ဖြစ်သည်။ ထို့ပြင် ဟားခါးမြို့အလှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သားရဲ တိရစ္ဆာန် ထိန်းသိမ်းရေး နှင့် ခရီးသွားဧည့်သည် များအား ဆွဲဆောင်နိုင်မည့် ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့သည် သဘာဝ အလှအပ အခြေခံကောင်းများ ရှိနေပြီး လက်ရှိတွင် ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များပြားလျက်ရှိသည်။ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေစွာ တည်းခိုနေထိုင် နိုင်ရေးအတွက် ဟိုတယ်များ တည်ဆောက်လျက် ရှိသည်။

လက်ရှိတွင် ရှုခင်းသာမျှော်စင် တည်ဆောက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေပြီး ခရီးသွား လုပ်ငန်းများ တိုးတက်လာရေး အတွက် အစီအစဉ်များ လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...