Social Icons

Pages

Monday, March 20, 2017

မြန်မာ့ရုပ်သေးအဖွဲ့ အမေရိကန်နိုင်ငံတွင် သွားရောက် ဖျော်ဖြေမည်



ရန်ကုန် ၊ ၂၀-၃-၂၀၁၇

ဒေါ်မမနိုင် ဦးစီးသော Myanmar Marionettes ရုပ်သေး အဖွဲ့သည် အမေရိကန်နိုင်ငံတွင် သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ရှိ ဟိုနိုလူလူမြို့ တွင် ကျင်းပမည် ဖြစ်ပြီး အနုပညာ ဖလှယ်မှု အစီအစဉ်အရ ဖိတ်ကြားခြင်း ကြောင့် သွားရောက် ဖျော်ဖြေခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပွဲကို East -West Center တွင် မတ် ၃၁ရက်မှ ဧပြီ ၆ ရက်ထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ရုပ်သေး ပညာရှင်များ၊ ဆိုင်းအဖွဲ့များ၊ အကမင်းသမီး၊ အဆိုတော် စသည့် အနုပညာရှင် များ သွားရောက် ကြမည်ဖြစ်သည်။

'' East -West Center ကနေ ဖိတ်ကြားတာပါ။ ဒါက ဒုတိယ အကြိမ်ပါ။ သူတို့ဆီမှာက မြန်မာ့ရုပ်သေး ပညာကို စိတ်ဝင်စား ကြတယ်။ အသေးစိတ် လေ့လာလိုကြ တဲ့အတွက် အခုလို ထပ်မံဖိတ်ကြားပြီး Culture Exchange လေး လုပ်ပေးရတာပါ။ ကျွန်မတို့ အဖွဲ့က ရုပ်သေး ပညာတွေကို တတ်နိုင်သမျှ ပို့ချ ပေးပါတယ်။ Workshop တွေလဲ လုပ်ပါမယ်။ တချို့ရက်တွေမှာ ဟိုနိုလူလူမြို့မှာရှိတဲ့ မြန်မာတွေနဲ့ သင်္ကြန်ပွဲလေး ကျင်းပဖို့ ရှိပါတယ်'' ဟု ဒေါ်မမနိုင် က ပြောပြသည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်မမနိုင်နှင့် အဖွဲ့သည် ရုပ်သေးကြိုးဆွဲနည်း၊ ဟိမဝန္တာခန်း၊ ဦးရွှေရိုး နှင့် ဒေါ်မိုးအကများကို ဟိုနိုလူလူမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ပို့ချရန်စီစဉ် ထားပြီး လော့စ်အိန်ဂျလိစ်မြို့ တို့တွင်လည်း အနုပညာ ဖျော်ဖြေမှု များကို လုပ်ဆောင်ရန် စီစဉ်ထားသည်။ ၄င်းအဖွဲ့သည် မတ် ၂၉ ရက်တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...