ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS PROTTOY ရန်ကုန်မြို့
သီလ၀ါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာစဉ်
နေပြည်တော် ၊ ၁၉-၃-၂၀၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် ရေတပ်မှ စစ်ရေယာဉ် BNS PROTTOY သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးတို့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတား၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ စစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး ဖြစ်သူ Capt. M Monir Uddin Mollick ဦးစီး၍ အရာရှိ ၂၉ ဦး၊ အခြားအဆင့် ၁၁၇ ဦး၊ စုစုပေါင်း ၁၄၆ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံ တွင် မတ် ၁၅ ရက်မှ ၁၈ ရက်အထိ ခရီးစဉ် အတွင်း နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး ဘော်လီဘော ကစားခြင်းနှင့် ရန်ကုန်မြို့တွင်း လေ့လာရေး သွားရောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)
No comments:
Post a Comment