Social Icons

Pages

Friday, March 10, 2017

ရေစကြိုမြို့ ကမ်းပြိုအန္တရာယ် ကာကွယ်နိုင်ရန် ချင်းတွင်းမြစ်ဘေးတစ်လျှောက် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်



ရေစကြို ၁၀-၃-၂၀၁၇
.
ချင်းတွင်းမြစ် ရေကြီး ရေလျှံမှု ကာကွယ် နိုင်ရန်နှင့် ကမ်းပါး တိုက်စား၍ ကမ်းပြို အန္တရာယ် ကာကွယ်  နိုင်ရန် အတွက် ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ရေစကြိုမြို့အမှတ် (၁) ထင်းတန်း ရပ်ကွက် ချင်းတွင်း မြစ်ဘေး တစ်လျှောက် အလျား ပေ ၆၃ဝ ရှိသည့ှ်Steel basket ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ရေအရင်း အမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသ(၄) မကွေးတိုင်း ဒေသကြီးရုံးမှ သိရသည်။ 
.
ရေစကြိုမြို့ အမှတ်(၁) ထင်းတန်း  ရပ်ကွက် အလျားပေ ၆၃ဝ ရှိ ချင်းတွင်း မြစ်ကမ်း ဘေး ကမ်းထိန်း  လုပ်ငန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ မူလ ခွင့်ပြု ရန်ပုံ ငွေကျပ် ၂ဝ၆ ဒသမ ၁ သန်းဖြင့် ဇန်နဝါရီ နောက်ဆုံး ပတ်မှ စ၍ ဆောင်ရွက် လျက်ရှိရာ ယခုအခါ အဆိုပါ လုပ်ငန်းမှာ ၃ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။ 
.
ရေစကြိုမြို့ ကမ်းထိန်း လုပ်ငန်း နှင့် ပတ်သက်၍ လွန်ခဲ့ သောနှစ် ပေါင်း ၅ဝ က ပြုလုပ် ခဲ့သည့် ကမ်းပြို ဧရိယာပေ ၃ဝဝဝ ရှိ ကမ်းထိန်း နံရံကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က အဆိုပါ ဦးစီး ဌာနမှ ကျောက်စီ ရေလွှဲရေကာ တည်ဆောက် ပေးခဲ့ပြီး ယခုအခါ ကမ်းပြိုမှု များတဖြည်း ဖြည်း ဖြစ်ပွား လာခဲ့သဖြင့် အဆိုပါ ဦးစီး ဌာနမှ ထပ်မံ၍ံ အလျားပေ ၆၃ဝ ရှိ Steel basket အခြေပြု ကျောက်စီ ကမ်းထိန်း နံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက် လျက်ရှိသည်။အလားတူ ရေစကြို မြို့နယ် နန်းဦး၊ ငါးမြှာကြီး ကျေးရွာ တို့ရှိ ချင်းတွင်း မြစ်ဘေး တွင်လည်း ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 
.
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...