Social Icons

Pages

Friday, March 10, 2017

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံ မက်ထရစ်တန် ၁ ဒသမ ၂ သန်းမှ ၁ဒသမ ၄ သန်းထိ တင်ပို့ရန် မျှော်မှန်းထား



နေပြည်တော် -၁၀-၃-၂၀၁၇

လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် ပြည်ပသို့ ပဲမျိုးစုံ မက်ထရစ် တန်ချိန် ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၄ သန်းထိ တင်ပို့ရန် မျှော်မှန်းထားပြီး နိုင်ငံခြား ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ ခန့်ထိ ရရှိရန် မျှော်မှန်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ယခု ဘဏ္ဍာနှစ် တွင် မတ်ပဲကို နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ တင်ပို့ ရောင်းချ ပေးခဲ့ရပြီး အထူးသဖြင့် အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူနှင့် အာရပ်နိုင်ငံ တို့သို့တင်ပို့ ရောင်းချ ပေးခဲ့ပြီး ပဲတီစိမ်း ကိုနိုင်ငံ ပေါင်း ၅ဝ သို့တင်ပို့ကာ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊  စင်ကာပူ နိုင်ငံတို့သို့ တင်ပို့ ရောင်းချ ပေးခဲ့ရသည်။ 

ယခု ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ မြန်မာနိုင်ငံ၏ ပို့ကုန် ကဏ္ဍတွင် ကုန်ပစ္စည်း အမျိုးအမည် အလိုက် စက်မှု ကုန်ချော ပစ္စည်း တင်ပို့မှု ကဏ္ဍတွင် အမေရိကန်  ဒေါ်လာ ၄၇၈၉ သန်းတင်ပို့ နိုင်ခဲ့ပြီး ပို့ကုန် အများဆုံး တင်ပို့နိုင် ခဲ့သည့် ကဏ္ဍတစ်ရပ် အဖြစ် ရပ်တည် ခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိက အားထား ရသည့် လယ်ယာ ထွက်ကုန် တင်ပို့ နိုင်မှု မှာလည်း အမေရိကန်  ဒေါ်လာ၂၅ဝ၃ သန်း ရရှိ နေသဖြင့် ပို့ကုန် အုပ်စု အလိုက် တင်ပို့မှုတွင် ဒုတိယ နေရာတွင် ရပ်တည် နေခဲ့သည်။

လယ်ယာ ထွက်ကုန် ပစ္စည်း ကဏ္ဍမှ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ ပြည်ပသို့ ပဲအမျိုးမျိုး တင်ပို့ရာတွင် မတ်ပဲ တင်ပို့မှု တွင် အမေရိကန် ဒေါ်လာ ၆၃၅ သန်းကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် ငါးသိန်းကျော် တင်ပို့ နိုင်ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၄၂၅ သန်းကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် လေးသိန်းကျော် တင်ပို့ နိုင်ခဲ့ သဖြင့် ယခု ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း၂၁ဝ ကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် ကိုးသောင်းကျော် ပိုမို တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂) 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...