Social Icons

Pages

Thursday, March 16, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လောက်ကိုင်မြို့ ရှိ ယောအဲရှီမူလတန်းကျောင်းအား အကြမ်းဖက်သောင်းကျန်းသူများကပစ်ခတ်မှုကြောင့် မိဘနှစ်ပါးစလုံးသေဆုံးသွားခဲ့သည့်သမီးငယ်အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမီးလေး မဆောင်းဒီဇင်ဘာထွန်း
အတွက် ထောက်ပံ့ငွေများပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမီးလေး မဆောင်းဒီဇင်ဘာထွန်းအား
ကြည့်ရှုစဉ်။

နေပြည်တော် (၁၆-၃-၂၀၁၇)

လောက်ကိုင် မြို့ရှိ ယောအဲရှီ မူလတန်း ကျောင်းအား MNDAA အကြမ်းဖက် သောင်းကျန်း သူများက မတ် ၆ ရက် နံနက် ၂ နာရီခန့် တွင် ဝင်ရောက် ပစ်ခတ်မှု ကြောင့် အသက် ၂ လ အရွယ် သမီးလေး မဆောင်း ဒီဇင်ဘာထွန်း ၏ ဖခင်ဖြစ်သူ မောင်ဝေယံထွန်း နှင့် မိခင်ဖြစ်သူ ဆရာမ မဗျာမီးတို့ သည် နေရာတွင် ပင်သေဆုံး ခဲ့ပြီး ၎င်းတစ်ဦး သာအသက်ရှင် ကျန်ရစ် ခဲ့သည်။ 

အသက်ရှင် ကျန်ရစ် ခဲ့သည့် သမီးငယ်သည် နေပြည်တော် ရှိ တပ်မတော် ဆေးရုံကြီး (ခုတင်- ၁ဝဝဝ)၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဌာနတွင် တက်ရောက် စစ်ဆေး ကုသမှု ခံယူလျက် ရှိရာ ယနေ့ နံနက်ပိုင်း တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက် ကြည့်ရှု့သည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် မဆောင်း ဒီဇင်ဘာထွန်း အား ဆေးရုံရှိ အထူးကု ဆရာဝန် ကြီးများမှ နားပိုင်း ဆိုင်ရာနှင့် နှလုံးပိုင်း ဆိုင်ရာ စစ်ဆေး နေမှုအား ကြည့်ရှုရာ ဆေးရုံအုပ်ကြီးက ကလေး၏ ကျန်းမာရေး အခြေအနေ များအား ရှင်းလင်း တင်ပြသည်။ ရှင်းလင်း တင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည့် စစ်ဆေး ကုသမှု ဆိုင်ရာ များအား ပြည့်စုံစွာ ဆောင်ရွက် ပေးရေး မှာကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သမီးလေး မဆောင်း ဒီဇင်ဘာထွန်း ၏ ဘိုးဘွားများ အား တွေ့ဆုံအားပေး စကား ပြောကြားပြီး သမီးငယ် အတွက် ထောက်ပံ့ ငွေများ ပေးအပ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် သမီးငယ်အား ဆေးရုံသို့ လိုက်ပါပို့ ဆောင်ပေးသည့် ဆွေမျိုးများ နှင့် ရွှေ ပြည်တော် သို့ဆုံမှတ် ပရဟိတ အသင်းမှ တာဝန် ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။ 

သမီးလေး မဆောင်း ဒီဇင်ဘာထွန်း အား ကျန်းမာရေး စစ်ဆေး ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန် အတွက် ရွှေပြည်တော် သို့ဆုံမှတ် ပရဟိတ အသင်းမှ ၎င်း၏ ဘိုးဘွားများ နှင့်အတူ နေပြည်တော်သို့ ခေါ်ဆောင်လာ ခြင်းဖြစ်ပြီး သမီး ငယ်လေး၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များအား တပ်မတော်မှ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရ ရှိသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...