Social Icons

Pages

Wednesday, March 1, 2017

ရတနာပုံတက္ကသိုလ် မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် School bus များ ပြေးဆွဲပေးနိုင်ရန် စစ်တမ်းကောက် ယူသွားမည်



မန္တလေး ၊ ၁-၃-၂၀၁၇

ရတနာပုံ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် School Bus များ ပြေးဆွဲပေး နိုင်ရန် မတ်လ မှစ၍ စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း ရတနာပုံ  ကျောင်းသားများ သမဂ္ဂအဖွဲ့ တာဝန်ရှိ သူတစ်ဦး ထံမှ သိရသည်။

ရတနာပုံ တက္ကသိုလ်သို့ လာရောက် ပညာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူများ သည် တစ်နှစ် ထက်တစ်နှစ် များပြား လျက်ရှိပြီး ၎င်းတို့တွေ့ ကြုံနေသည့် အခက်ခဲ များမှာ သွားရေး လာရေး အဆင်မ  ပြေမှုများရှိ နေကြောင်း၊ အဆိုပါ  တက္ကသိုလ်ကို နယ်မှ လာရောက် ပညာသင်ကြား သူများ အနေဖြင့် အဆောင်တွင် ငှားနေ၍ အားလပ်  ချိန်များတွင် အခြား သင်တန်းများ တက်ရောက် ပါက အခက်ခဲ များရှိနေပြီး  School Bus များ ပြေးဆွဲ ပေးပါက ကျောင်းသား၊ ကျောင်းသူများ သွားလာရေး ကိစ္စတွင် ပိုမို အဆင်ပြေ သွားမည်ဖြစ် ကြောင်းသိရသည်။ 

အဆိုပါ  School Bus များ ပြေးဆွဲပေး နိုင်ရေးအတွက် စစ်တမ်း ကောက်ယူ မည့်နေ့ကို မတ် ၁ ရက်တွင် စတင် အကောင်ထည်ဖော် ဆောင်ရွက် မည်ဖြစ်ပြီး စစ်တမ်း ကောက်ယူမည့် မြို့နယ်များမှာ ချမ်းအေးသာစံ မြို့နယ်၊အောင်မြေ သာစံမြို့ နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းမြ သာစည် မြို့နယ်၊ ပြည်ကြီး တံခွန် မြို့နယ်၊ အမရ ပူရ မြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ် တို့ဖြစ်ပြီး  စစ်တမ်း ကောက်ယူ မှုများ ပြီးစီးပါက မြို့နယ်တိုင်းတွင် ရတနာပုံ တက္ကသိုလ်သို့ ကျောင်းသား၊ ကျာင်းသူ မည်မျှ တက်ရောက်သည် ကိုသိရှိ ရမည် ဖြစ်ကြောင်း၊ စစ်တမ်းကောက် ယူရာတွင် ကျောင်သား၊ ကျောင်းသူများ ဘက်မှ လက်မှတ် ၅ဝဝဝ နှင့် ၁ဝဝဝဝ ကြား ရရှိမှသာ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

''အခုလို တောင်းဆို တာက ဒီနှစ်မှ တောင်းဆိုတာ မဟုတ်ပါဘူး။ တောင်းဆို တာက သယ်ယူ ပို့ဆောင်ရေး အဆင်ပြေစေ ဖို့အတွက် ဖြစ်ပါတယ်။ ပြီးတော့ ရတနာပုံ တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူ တွေက မိမိအစဉ်ဖြင့် ကျောင်းကို လာကြတဲ့ အခါမှာ ကုန်ကျ စရိတ်တွေ များပါတယ်။ ပြီးတော့ လူတွေလဲ ပင်ပန်း ပါတယ်။ နောက်ပြီး ဆိုင်ကယ်တွေ၊ ကား  တွေနဲ့ လာကြတဲ့ အတွက် ကုန်ကျ စရိတ်တွေ ပိုပြီး များပါတယ်''ဟု ၎င်းက ပြောပြသည်။

ရတနာပုံ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသား ကျောင်းသူ ဦးရေ ၂ဝဝဝဝ ခန့် နှင့် ဆရာ၊  ဆရာမဦးရေ ၇ဝဝ ကျော်ရှိပြီး မိမိ အစီအစဉ် ဖြင့်လာရောက်သူ အများဆုံး ဖြစ်ကြောင်း၊ ယခုကဲ့သို့ တောင်းဆို မှုများကို ဖြည့်ဆည်း ပေး မည်ဆိုပါက ဆရာ၊ ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ အတွက် သွားလာရေး ကိစ္စများ အဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...