Social Icons

Pages

Wednesday, February 22, 2017

CNN သတင်းဌာနက ဖော်ပြခဲ့သည့် ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းတွင် Yangon Tea House ပါဝင်




ရန်ကုန် ၊ ၂၂-၂-၂၀၁၇

CNN သတင်းဌာနက ဖော်ပြခဲ့သည့် ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၌ ဖွင့်လှစ်ထားသည့် Yangon Tea House လည်း ပါဝင်ကြောင်း သိရသည်။

ကမ္ဘာအနှံ့အပြားမှ အကောင်းဆုံး လက်ဖက်ရည်ဆိုင် များနှင့်အတူ ပူးတွဲ ဖော်ပြထားသည့် ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းတွင် Yangon Tea House ကို တတိယနေရာတွင် ဖော်ပြထားပြီး Yangon Tea House သည် ပြည်တွင်း ဒေသခံများနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ တွေ့ဆုံနိုင်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။

Yangon Tea House တွင် လက်ဖက်ရည်၊ ရေနွေးကြမ်းအပြင် မြန်မာနိုင်ငံ၏ နာမည်ကျော် အစားအစာတစ်ခု ဖြစ်သည့် အုန်းနို့ခေါက်ဆွဲ ကိုလည်း စားသုံးနိုင်မည် ဖြစ်ပြီး တိတ်ဆိတ် ငြိမ်သက်သည့် ဝန်းကျင်တစ်ခုသို့ ရောက်ရှိသွား သကဲ့သို့ ခံစားရမည် ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းတွင် နံပါတ် (၁) နေရာ၌ ဖော်ပြထားသည့်ဆိုင်မှာ တာဂျစ်ကစ္စတန် နိုင်ငံမှ Rokhat Dushanbe ဟု အမည်ရသည့် ဆိုင်ဖြစ်ပြီး ယင်းဆိုင်သည် မြို့၏ လှပသော မြင်ကွင်းများကို လှမ်းမြင်နိုင်သဖြင့် လက်ဖက်ရည် သောက်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်သည်။

ဒုတိယနေရာတွင် ဖော်ပြထားသည့် ဆိုင်မှာ အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှ Tea House 278 ဖြစ်ပြီး ဆိုင်အတွင်း၌ ကျောက်တုံးဥယျာဉ်များ၊ တရုတ်အနုပညာ အလှဆင် ဖန်တီးထားမှု များကို တွေ့မြင်ရမည် ဖြစ်ကာ ရောင်းချသည့် လက်ဖက်ရည် မှာလည်း တရုတ်နှင့် တရုတ်(တိုင်ပေ) တို့ရှိ မိသားစုပိုင် လက်ဖက်စိုက်ခင်း များက ထွက်သည့် လက်ဖက်ခြောက်ဖြင့် ဖျော်စပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...