Social Icons

Pages

Sunday, February 26, 2017

မြန်မာ့တပ်မတော်ဘော်လီဘော အသင်းနှင့် ချစ်ကြည်ရေးယှဉ်ပြိုင် ကစားခဲ့သည့် အိန္ဒိယတပ်မတော် ဘော်လီဘောအသင်း ပြန်လည်ထွက်ခွာ


ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်  အရာရှိကြီးများက အိန္ဒိယတပ်မတော်
 ဘော်လီဘော အသင်းကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၆-၂-၂၀၁၇

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာ စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့တပ်မတော် ဘော်လီဘောအသင်း နှင့် ချစ်ကြည်ရေး ယှဉ်ပြိုင် ကစားခဲ့သည့် အိန္ဒိယတပ်မတော်မှ Lt.Col.S Ganesh ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ဘော်လီဘော အသင်းသည် ယမန်နေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြပြီး အဆိုပါ ဘော်လီဘော အသင်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ ကြသည်။

အိန္ဒိယတပ်မတော် ဘော်လီဘော အသင်းသည် ဖေဖော်ဝါရီ ၂ဝ ရက်မှ ယနေ့အထိ ချစ်ကြည်ရေးခရီးစဉ် အတွင်း နေပြည်တော်၊ ဇေယျာသီရိ အားကစားရုံ၌ မြန်မာ့ တပ်မတော် ဘော်လီဘော အသင်းနှင့် ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားခြင်း၊ နေပြည်တော် ရှိ ဥပ္ပါတသန္တိ စေတီတော်နှင့် သတ္တသတ္တာဟ စေတီတော်များသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့် စစ်သမိုင်း ပြတိုက်သို့ သွားရောက် လေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...