Social Icons

Pages

Tuesday, February 7, 2017

မြန်မာ့လယ်ယာထွက်ကုန် သစ်သီးဝလံများကို ပင်လယ်ရေကြောင်း နှင့် လေကြောင်းကို အသုံးပြု၍ တိုးချဲ့တင်ပို့နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၇-၂-၂၀၁၇

မြန်မာ့လယ်ယာ ထွက်ကုန် သစ်သီးဝလံ ဟင်းသီးဟင်းရွက် များကို နယ်စပ် လမ်းကြောင်းဖြင့် အဓိကထား တင်ပို့နေရာမှ ဈေးကွက်သစ်များ ရှာဖွေကာ ပင်လယ်ရေကြောင်း နှင့် လေကြောင်းး လမ်းကြောင်း များကိုပါ အသုံးပြု၍ ယခုထက် ပိုမိုတိုးချဲ့တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် ပြည်ပတင်ပို့သူ များနှင့် ပြည်တွင်းသို့ တင်သွင်းသူများ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ချက် များအရ သိရသည်။

လက်ရှိတွင် မြန်မာ့လယ်ယာ ထွက်ကုန်နှင့် သစ်သီးဝလံ များကို ပြည်ပသို့ တင်ပို့ရောင်းချ နေသကဲ့သို့ ပြည်ပမှ ပြန်လည်တင်သွင်း ရောင်းချနေမှု များလည်း ရှိသည်။ ပြည်ပသို့ တင်ပို့ရောင်းချ ရာတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံ များသို့ တင်ပို့ရောင်းချ နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာ့လယ်ယာ ထွက်ကုန်နှင့် သစ်သီးဝလံ များကို နိုင်ငံတကာ ဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရန် စီမံဆောင်ရွက် နေခြင်းဖြစ်သည်။ ထို့သို့ဆောင်ရွက် နိုင်ရေးအတွက် အဆိုပါနှီးနှော ဖလှယ်ပွဲကို ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာ့လယ်ယာ ထွက်ကုန်များနှင့် သစ်သီးဝလံ များကို နိုင်ငံတကာ အဆင့်မြင့် ဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး အတွက် မြန်မာ့သစ်သီးဝလံ ပန်းမန်များကို မြန်မာ့ အမျိုးသား ပို့ကုန် မဟာဗျူဟာ၏ ဦးစားပေး ပို့ကုန်ကဏ္ဍ တွင် ပါဝင်လာစေရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...