Social Icons

Pages

Tuesday, February 21, 2017

ရေနံဓာတုလုပ်ငန်းမှ ထွက်ရှိသော စက်သုံးဆီများကို ဈေးနှုန်းအရှင်ဖြင့် ရောင်းချပေးမည်



ရန်ကုန် ၊ ၂၁-၂-၂၀၁၇

မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းမှ ထွက်ရှိသော စက်သုံးဆီများကို လစဉ် ပြောင်းလဲမှု ဈေးနှုန်းအရှင်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း ကုန်ထုတ်လုပ်မှု ဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်း ထံမှ သိရသည်။

အဆိုပါ စက်ရုံများ၌ စက်သုံးဆီများကို လစဉ် ပြောင်းလဲသော ဈေးနှုန်းဖြင့် သွားရောက် ဝယ်ယူခွင့်ပြု ထားကြောင်း၊ ဖေဖော်ဝါရီလ အတွင်း မန်းသံပုရာကန် စက်ရုံမှ ထုတ်လုပ်သော ဒီဇယ်ဆီ၊ စီဂျီအို ဓာတ်ဆီနှင့် ချောက်စက်ရုံမှ ထုတ်လုပ်သော ဆီပြာတို့ကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန် ကြေညာ၍ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ ဒီဇယ် တစ်ဂါလန်လျှင် ငွေကျပ် ၂၅ဝဝ၊ စီဂျီအို တစ်ဂါလန်လျှင် ငွေကျပ် ၂ဝဝဝ၊ ချောက်စက်ရုံမှ ထွက်ရှိသော ဆီပြာ တစ်ဂါလန်လျှင် ငွေကျပ် ၁၇ဝဝ ဖြင့် ဈေးနှုန်း မပြောင်းလဲဘဲ ဝယ်ယူနိုင် ကြောင်း သိရသည်။

အကြမ်းအားဖြင့် ဂါလန်ပေါင်း ၂၇ သန်း ခန့်ကို မည်သူမဆို ဝယ်ယူနိုင်ရန် သတ်မှတ် ပေးထားပြီး ယခုအခါ စီဂျီအို ဂါလန်ပေါင်း ရှစ်သန်းခန့်နှင့် ဓာတ်ဆီဂါလန် ခြောက်သန်း ခန့် ရောင်းချနိုင် ခဲ့ကြောင်း၊ ဝယ်ယူသူများ အခက်အခဲ မဖြစ်စေရေး ဈေးနှုန်း အရှင်ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောင်းချပေးခြင်း ကြောင့် ပြည်တွင်း၌ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှု လျော့နည်း သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...