Social Icons

Pages

Monday, February 20, 2017

မော်လိုက်မြို့ရှိ ပျားစွဲဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းကို ပြည်တွင်းပြည်ပ ခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ထား



မော်လိုက် ၊ ၂၀-၂-၂၀၁၇

မော်လိုက်မြို့ရှိ ပျားစွဲ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းကို နေ့စဉ် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ သတ်မှတ်ဖွင့်လှစ် ပေးထားပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက် လေ့လာမှု များပြားလာ၍ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တို့တွင် ညနေ ၃ နာရီမှ ၅ နာရီထိ ဆင်ကြည့်ရှု လေ့လာနိုင်ရန် ထပ်မံစီစဉ် ဆောင်ရွက်ပေး ထားကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သတင်းများ အရ သိရသည်။

ယခုအခါ အဆိုပါ ဆင်စခန်းကို ခရီးသွား နယ်မြေဒေသ အဖြစ် ဖွင့်လှစ်ပေး လိုက်သဖြင့် မော်လိုက်မြို့ ပတ်ဝန်းကျင်ဒေသမှ ပြည်သူများပါ လာရောက် လေ့လာလျက် ရှိပြီး နိုင်ငံခြားသား ခရီးသည်များလည်း ယခင်နှစ်များက ထက်ပိုပြီး လာရောက်လည်ပတ် လာခဲ့သည်။

အဆိုပါ ပျားစွဲ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစ ခန်းသို့ လာရောက် စိတ်အပန်းဖြေ ရာတွင် ဝန်ဆောင်ခများ အဖြစ် စခန်းဝင်ကြေး ပြည်တွင်း ခရီးသွားဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ နှင့် ပြည်ပခရီးသွား ဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းသတ်မှတ် ပေးထားပြီး ဆင်စီးခြင်း အတွက် (စခန်းတွင်း ခရီးတို) ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝ၊ ပြည်ပခရီးသွား ဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ သတ်မှတ်ပေး ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...