Social Icons

Pages

Monday, February 20, 2017

ဒေသခံပြည်သူများကို မိုးယွင်းကြီးအင်း က အကျိုးပြုလျက်ရှိ



ပဲခူး ၊ ၂၀-၂-၂၀၁၇

မိုးယွန်းကြီးအင်း သည် ၁၈၇၈ ခုနှစ်ခန့်က ပဲခူးမြစ် နှင့် စစ်တောင်းမြစ် တို့ကို ဆက်သွယ် ထားသည့် ပဲခူး-စစ်တောင်း တူးမြောင်းအတွင်း နွေဥတု သစ်ဖောင်မျှော ရာတွင် လိုအပ်သောရေကို ဖြည့်ဆည်းပေး နိုင်ရန် တည်ဆောက် ခဲ့သော ရေလှောင်တမံ တစ်ခုဖြစ်ပြီး ယခုအခါ ဒေသခံပြည်သူ များကို အကျိုးပြုလျက် ရှိကြောင်း မိုးယွန်းကြီးအင်း ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ခံ တစ်ဦးက ပြောပြ၍ သိရသည်။

နှစ်ကာလ ကြာသည့်အခါ သဘာဝအင်း အဖြစ် ပြောင်းလဲသွားပြီး လူတို့ပြုလုပ်သည့် ရေတိမ်ဒေသ တစ်ခုဖြစ်လာ ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မိုးယွန်းကြီးအင်း သည် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခံခဲ့ ရသည်။ 

ထို့ပြင် မိုးယွန်းကြီးအင်း သည် မြန်မာနိုင်ငံ၏ ပထမဆုံး ရမ်ဆာရေတိမ် ဒေသ အဖြစ် ၂ဝဝ၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က သတ်မှတ်ခြင်း ခံခဲ့ရသည်။

မိုးယွန်းကြီးအင်း တွင် ငှက်ကို အဓိကထား၍ ထိန်းသိမ်းထားပြီး အောက်တိုဘာလကုန် မှစ၍ မတ်လထိ လာရောက် ဆောင်းခိုကြသည့် ရေပျော်ငှက် ၁၃၃ မျိုးတွင် ဆောင်းခိုငှက် ၄၉ မျိုးနှင့် ဌာနေငှက် ၈၄ မျိုးရှိကြောင်း၊ ဌာနေငှက် ၈၄ မျိုးကို မှတ်တမ်းတင် ထားရှိပြီး နှစ်စဉ် ငှက်ကောင်ရေ ပေါင်း ၂ဝဝဝဝ ကျော် လာရောက်ဆောင်းခို ကျက်စား ကြကြောင်း သိရသည်။

မိုးယွန်းကြီးအင်း ကို ဝိုင်းဝန်း ထိန်းသိမ်းခြင်း အားဖြင့် ပတ်ဝန်းကျင် ကျေးရွာ ၁၇ ရွာ၏ အဓိက မှီခိုစားသောက် ရသော ငါးဖမ်း လုပ်ငန်းအတွက် ဝမ်းစာငါးရရှိပြီး ဒေသခံပြည်သူ များ၏ အိမ်မွေး တိရ စ္ဆာန် ကျွဲစာ၊ နွားစာ၊ ဘဲစာ များဖူလုံစွာ ရရှိသည့်အပြင် ဒေသခံများ၏ စိုက်ပျိုးမြေများ အတွက် ရေရရှိရန်လည်း များစွာ အကျိုးပြုလျက် ရှိကြောင်း မိုးယွန်းကြီးအင်း ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ခံ တစ်ဦးထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...