Social Icons

Pages

Thursday, February 16, 2017

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Johm Rungswang အား ဂုဏ်ပြုညစာစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် 
Air Chief Marshal Johm Rungswang နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့
 မြ၀တီတေးဂီတအဖွဲ့မှ စစ်သည် ၊ စစ်သမီးများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၁၆-၂-၂၀၁၇

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Johm Rungswang ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဖေဖော်ဝါရီ ၁၄ ရက် ည ၇ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့်အတူ ဇနီး ဒေါ်အေးအေးသန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် လေတပ်ဦးစီးချုပ် နှင့်အတူ ဇနီး Group. Captain Koranun Rungswang ၊ ထိုင်းဘုရင့်တပ်မတော် လေတပ် ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး Air Marshal Teerawudh ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော် လေတပ်စစ်သံမှူး Group. Captain Thammanine Suksang နှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့် ထိုင်းဘုရင့် တပ်မတော် လေတပ်ဦးစီးချုပ် တို့သည် နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြား ၍ တက်ရောက် လာကြသူများနှင့် အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ နှစ်နိုင်ငံ တေးသီချင်းများ၊ အကပဒေသာ များဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ညစာသုံးဆောင် အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော မြဝတီတေးဂီတ အဖွဲ့မှ စစ်သည်၊ စစ်သမီး များအား ဂုဏ်ပြုပန်းခြင်း များ အသီးသီး ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...