Social Icons

Pages

Thursday, January 12, 2017

နမ်ဆန်မြို့နှင့် ကျောက်မဲမြို့နယ် အတွင်းရှိ မိုင်းငေါ့တပ်စခန်း တို့အား TNLA အကြမ်းဖက် သောင်းကျန်းသူများက အကြိမ်ကြိမ်လာရောက် နှောင့်ယှက်ပစ်ခတ်


နေပြည်တော် ၊ ၁၂-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့ အနီးနှင့် ပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေ လုံခြုံရေး ကို ပုံမှန် ဆောင်ရွက်လျက် ရှိစဉ် ဇန်နဝါရီ ၁ဝ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၃ဝဝ ခန့် အကွာသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၂ဝ ဦးခန့်နှင့်ထိ တွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ည ၇ နာရီခွဲခန့်တွင် ရန်သူများ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။ ဆုတ်ခွာသွားသည့် ရန်သူ့နောက် သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်း လင်းစဉ် ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့ အဝင်ရှိ မန်ခိုက် နတ်စင်ကုန်း တစ်ဝိုက်၌ TNLA အကြမ်းဖက် သောင်းကျန်း သူများက ခေတ္တ ခြေကုပ်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်သူ့ပစ်ခတ်မှု ရပ်တန့်သွား ခဲ့သည်။

ထို့ပြင် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ များက နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက် အနီးရှိ တာဝါတိုင်ကုန်း နေရာနှင့် ပတ္တမြား စေတီနေရာတို့ မှ နမ့်ဆန်မြို့ အတွင်းနှင့် တပ်မတော် လက်ဖက်ခြောက် စက်ရုံနေရာ သို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ရာ ည ၇ နာရီ ၅၅ မိနစ်ခန့်တွင် ရန်သူ့ နှောင့်ယှက် ပစ်ခတ်မှု ခေတ္တရပ်တန့် သွားခဲ့ပြီး ည ၈နာရီခွဲမှ စတင်၍ ၁ဝ မိနစ်ခန့်လျှင် တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် မကြာခဏ နှောင့်ယှက် ပစ်ခတ်လျက် ရှိသဖြင့် တပ်မတော် စစ်ကြောင်းက နမ့်ဆန်မြို့ လုံခြုံရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူ များ၏ ပစ်ခတ်မှု များကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက် ၌ လူနေအိမ်ငါးလုံး၊ ရိပ်သာတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ကွန်ပျူတာ တစ်စုံ၊ ဇယန်းကြီးရပ်ကွက် ၌ လက်ဖက်ခြောက် စက်ရုံတစ်ရုံ၊ လူနေအိမ် တစ်လုံးနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး လူငယ် သင်တန်းကျောင်း တစ်ကျောင်းတို့ ဗုံးသီးအစများ ထိမှန်၍ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ၄င်းနေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကျောက်မဲမြို့နယ် အတွင်းရှိ မိုင်းငေါ့ တပ်စခန်းအား TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်က ၆ဝ မမစိန်ပြောင်း၊ RPG ၊ စက်လတ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် စခန်းရှိ တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရပြီး လုံခြုံရေး တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် ရန်သူလာရောက် နှောင့်ယှက်ပစ်ခတ် ခဲ့သည့်နေရာများ၊ ခေတ္တ အခြေပြုလျက် ရှိသည့်နေရာ များနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်တို့အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...