Social Icons

Pages

Monday, January 16, 2017

ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အားဖြည့်ဆန် ထုတ်လုပ်သည့် ဆန်စက် ၁၀ လုံးထိရှိလာ



ရန်ကုန် ၊ ၁၆-၁-၂၀၁၇

မြန်မာနိုင်ငံရှိ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး ဈေးကွက်တို့တွင် အားဖြည့်ဆန် ထုတ်လုပ်သည့် ဆန်စက် ၁ဝ လုံးအထိ ရှိလာကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းတို့၏ သတင်းများ အရ သိရသည်။

အဆိုပါ အားဖြည့်ဆန် များကို အမျိုးသား အာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသန ဌာန၏ အရည်အသွေး အသိအမှတ်ပြု တံဆိပ်များ ရိုက်နှိပ်ထားသော အသင့်ထုပ်ပိုးပြီး အာဟာရဖြည့် ဆန်များကို ဖြန့်ဖြူး ရောင်းချနေခြင်း ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံးရှိ ဈေးကွက်အတွင်း သို့ဖြန့်ချိ ရောင်းချသွားမည် ဖြစ်သည်။

အဆိုပါ အားဖြည့်ဆန် ထုတ်လုပ်ရန် အတွက် ပထမဦးစွာ ဗီတာမင်နှင့် သတ္တုဓာတ် ရောနှော ထားသော ဆန်စေ့ကို ထုတ်လုပ် ရသည်။ အဆိုပါဆန်နှင့် နေ့စဉ် စားသုံးနေသော ဆန်ကို ၁ အချိုး ၉၉ ၊ ၂ အချိုး ၉၈ စသည်ဖြင့် ရောနှော ထားသောဆန်ကို အားဖြည့်ဆန် ဟုခေါ်ပြီး သမားရိုးကျ ဆန်များနည်းတူ သိုလှောင် ချက်ပြုတ်စားသုံး နိုင်သည်။

အားဖြည့်ဆန်တွင် သံဓာတ်၊ ဗီတာမင်အေ၊ ဇင့်၊ ဗီတာမင်ဘီ ၁၂၊ ဖောလစ်အက်စစ်၊ ဗီတာမင်ဘီ ၆၊ ဗီတာမင်ဘီ ၁ နှင့် ဗီတာမင်ဘီ ၃ တို့ပါဝင်သည်။ အားဖြည့်ဆန်ကို ကလေး၊ လူကြီး စားသုံးခြင်းဖြင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု အားကောင်းခြင်း အလုပ်လုပ် နိုင်စွမ်းအား တိုးတက် ကောင်းမွန်ခြင်း၊ ကျန်းမာရေးပိုမို ကောင်းမွန်ခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...