Social Icons

Pages

Wednesday, January 18, 2017

ပြင်ဦးလွင်မြို့၏ ခရီးသွားလာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြင်ဦးလွင်လမ်းညွှန်မြေပုံ ထုတ်ဝေမည်



ပြင်ဦးလွင် ၊ ၁၈-၁-၂၀၁၇

တောင်ပေါ်မြို့တစ်မြို့ ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လည်ပတ် လေ့လာစရာ နေရာများပြားသည့် ပြင်ဦးလွင်မြို့၏ ခရီးသွားလာရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ရက်တာ လေ့လာရေး ခရီးစဉ်များ ပါဝင်သည့် ပြင်ဦးလွင် လမ်းညွှန်မြေပုံ ကို ယခုလအတွင်း ထုတ်ဝေသွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ပြင်ဦးလွင်ဇုန် အတွင်းရေးမှူး ကိုဝေဠု ထံမှ သိရသည်။

ပြင်ဦးလွင် လမ်းညွှန်မြေပုံကို ဟိုတယ်များ၊ လေယာဉ်ကွင်းများ၊ ကားဂိတ်များနှင့် ခရီးသွားလုပ်ငန်း များမှတစ်ဆင့် အခမဲ့ဖြန့်ဝေ နိုင်ရန်စီစဉ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပြင်ဦးလွင်မြို့၌ သဘာဝမပျက် ရှိနေသည့် နေရာများကို ဖော်ထုတ်ပြီး ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက် စေရန် လုပ်ဆောင် သွားမည်ဖြစ်သည်။

လက်ရှိ ပြင်ဦးလွင်မြို့သို့ လာရောက် လည်ပတ်သည့် ခရီးသွားများအနက် ပြည်ပ ခရီးသွားများထက် ပြည်တွင်း ခရီးသွားများက ပိုမိုများပြား နေကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု သည် အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နည်းပါးနေ သေးကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...