Social Icons

Pages

Saturday, January 21, 2017

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အိန္ဒိယလေတပ်မှ Air Vice Marshal Sreekumar PrabhakaranVM ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အိန္ဒိယလေတပ်မှ 
Air Vice Marshal Sreekumar PrabhakaranVM အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၁-၁-၂၀၁၇

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော်(လေ) နှင့်အိန္ဒိယ လေတပ်တို့၏ 2nd Air Staff Talk အစည်းအဝေး တက်ရောက်ခဲ့သည့် အိန္ဒိယလေတပ်မှ Air Vice Marshal Sreekumar Prabhakaran VM ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်အတူ တပ်မတော်(လေ)မှ အရာရှိကြီးများ တက်ရောက်ကြပြီး Air Vice Marshal Sreekumar Prabhakaran VM နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူး Col.Naveen Mahajan, SM နှင့်တာဝန်ရှိ သူတို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် Air Vice Marshal Sreekumar Prabhakaran VM က ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...