Social Icons

Pages

Saturday, December 24, 2016

SSA (၀မ်ဟိုင်း)အဖွဲ့၏ အတင်းအဓမ္မလူသစ် စုဆောင်းခြင်း ဆက်ကြေးကောက်ခံခြင်း တို့ကြောင့် ဒေသခံပြည်သူမျူား နေရပ်စွန့်ခွာ ထွက်ပြေး


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာ နှင့် ဝမ်မိုင်ကျေးရွာ တို့၌ SSA (ဝမ်ဟိုင်း)အဖွဲ့က မကြာခဏ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း တို့ကြောင့် ၄င်းကျေးရွာများရှိ ပလောင် တိုင်းရင်းသား မိသားစုလေးစု၊ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၃ ဦးတို့သည် နေရပ်စွန့်ခွာ ထွက်ပြေး၍ ဒီဇင်ဘာ ၂ဝ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်တွင် ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာ အုပ်စု၊ ရေဖြူကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိ လာကြောင်း သိရှိရသည်။

အဆိုပါနေရပ် စွန့်ခွာထွက်ပြေး လာခဲ့သော ပလောင် တိုင်းရင်းသား မိသားစုများအား နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ကာ နယ်လှည့် ဆေးကုသရေးအဖွဲ့ များဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...