ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့်
ထိုင်းဘုရင့်တပ်မတော် မှ Lieutenant General Wannawasit Wongthai တို့
အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်
နေပြည်တော် ၊ ၂-၁၂-၂၀၁၆
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်သည် ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ ထိုင်းဘုရင့် တပ်မတော်မှ Lieutenant General Wannawasit Wongthai နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး ထိုင်းဘုရင့် တပ်မတော်မှ Lieutenant General Wannawasit Wongthai နှင့်တာဝန် ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင် နှင့် Lieutenant General Wannawasit Wongthai တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)
No comments:
Post a Comment