Social Icons

Pages

Friday, December 9, 2016

ကွတ်ခိုင်-သိန်းနီ သွားကားလမ်းအနီး၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်းထားသည့် ဒေသန္တရလက်လုပ်မိုင်း ၉ လုံးကိုတွေ့ရှိ ၊ တပ်မတော်သားများက ရှင်းလင်း


ဒေသန္တရလက်လုပ်မိုင်းများကိုတွေ့ရစဉ်


နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကွတ်ခိုင်-သိန်းနီ သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၁၆/၃ နှင့် ၂၁၆/၄ ကြားရှိ ကွန်ကရစ်ရေပြွန် အတွင်း၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ကိုးလုံးအား တွေ့ရှိခဲ့သဖြင့် အများပြည်သူ ထိခိုက် ဒဏ်ရာရရှိမှု မရှိစေရေး တပ်မတော် စစ်ကြောင်းမှ အထူး မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့သည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...