Social Icons

Pages

Tuesday, December 6, 2016

အများပြည်သူပိုင် တံတားအနီး၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၆ လုံးတွေ့ရှိ ၊ တပ်မတော်သားများက ရှင်းလင်း



နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ သိန်းနီ-ကွတ်ခိုင် အကြား တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မိုင်တိုင် အမှတ် ၂၁၄ အနီး တံတားအောက် ရေပြွန်အတွင်း၌ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း ခြောက်လုံးအား တွေ့ရှိခဲ့သဖြင့် အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေး တပ်မတော် စစ်ကြောင်းမှ အထူး မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေရာ နှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်အား လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...