Social Icons

Pages

Friday, December 16, 2016

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ သို့ရောက်ရှိ


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ 
ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဂိုအာမြို့ ၊ အိန္ဒိယရေတပ်၏ လေတပ်ဌာနချုပ် 
Hansa လေဆိပ်သို့ ရောက်ရှိစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား  ဂိုအာမြို့ ၊ 
အိန္ဒိယရေတပ်၏ လေတပ်ဌာနချုပ် Hansa လေဆိပ်တွင် တာဝန်ရှိသူများက 
ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

အိန္ဒိယသမ္မတ နိုင်ငံ၊ ရတနာဂီရိမြို့ တွင် ကျင်းပ ပြုလုပ်မည့် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် သီပေါမင်း နတ်ပြည်စံသက် နှစ် ၁ဝဝ ပြည့် အလှူအခမ်းအနား တက်ရောက်ရန် အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ အမှူးပြုသော သံဃာတော်များ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သီပေါမင်း ၏ မြစ်တော် ဦးစိုးဝင်းနှင့် ဆွေတော် မျိုးတော်များ၊ တာဝန်ရှိသူများ လိုက်ပါသည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့နံနက် ၈ နာရီခွဲတွင် အထူး လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဂိုအာမြို့၊ အိန္ဒိယရေတပ်၏ လေတပ်ဌာနချုပ် Hansa လေဆိပ်သို့ရောက် ရှိသည်။ လေဆိပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံသံ အမတ်ကြီး ဦးမောင်ဝေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦး နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထိုမှတစ်ဆင့် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အိန္ဒိယတပ်မတော် ရဟတ်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာရာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် ရတနာဂီရိမြို့၊ Indian Coast Guard Station လေယာဉ်ကွင်းသို့ ရောက်ရှိသည်။ လေယာဉ်ကွင်းတွင် ရတနာဂီရိ ခရိုင် အုပ်ချုပ်ရေးမှူး Collector and District Magistrate of Ratanagri District ဖြစ်သူ Mr. Pradeep? Indian Coast Guard Station မှ Commandant S M Singh နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။

ရတနာဂီရိမြို့ သည် အိန္ဒိယနိုင်ငံ၏ အနောက် ဘက်ကမ်းခြေ ပြည်နယ်၏ အနောက်တောင်ဘက် ရတနာဂီရိခရိုင် အာရေဘီယံ ပင်လယ်ကမ်းခြေ ပေါ်တွင် တည်ရှိသည့် ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ကိုလိုနီဘဝ ကျရောက်ပြီးနောက် သီပေါ မင်းတရားကြီး နှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်၊ ညီမတော် စုဖုရားကလေးနှင့် သမီးတော်လေးပါး တို့အား ဗြိတိသျှတို့က ဖမ်းဆီးခေါ်ဆောင် ကာ ၁၈၈၅ ခုနှစ်မှစ၍ အကျဉ်းချ ထိန်းသိမ်း ထားခဲ့သည့် မြို့တစ်မြို့ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...