Social Icons

Pages

Tuesday, December 13, 2016

ဘိန်းဖြူပါသော ဆေးဝါးများနှင့် အကိုက်အခဲပျောက်ဆေး အပြင်းစားများ၏ ဒဏ်ကို မွေးကင်းစများတွင် တွေ့ ရ



မီချီဂန် ၊ ၁၃-၁၂-၂၀၁၆

အမေရိကန် ပြည်ထောင်စုတွင် ဘိန်းဖြူပါသော ဆေးဝါးများနှင့် အကိုက်အခဲ ပျောက်ဆေး အပြင်းစားများ၏ ဒဏ်ကို  မွေးကင်းစ ကလေးများတွင် စတင်တွေ့ ရှိနေရပြီး ၄င်းတို့ ၏မိဘအများစုမှာ ဝေးလံသီခေါင် သော အစွန်အဖျားဒေသ များတွင် နေထိုင်သူများ ဖြစ်ကြောင်း မီချီဂန် တက္ကသိုလ်မှ သုတေသီ များက ပြောသည်။

သုတေသီများက ၂၀၀၄ ခုနှစ်မှ စတင်ကာ ဘိန်းဖြူပါသော ဆေးဝါးနှင့် အပြင်းစား အကိုက်အခဲ ပျောက်ဆေးများ၏ မွေးကင်းစ ကလေးငယ်များ အပေါ် ဆိုးကျိုး သက်ရောက်မှုကို ၂၀၁၃ အထိ စောင့်ကြည့်လေ့လာ ခဲ့ရာ မွေးကင်းစ ကလေး ၂၁  ရာခိုင်နှုန်းထက် မနည်းတွင် ဆေးကြောင့်ဖြစ်သော ချို့ ယွင်းမှုများကို မွေးရာပါ အဖြစ် တွေ့ ရှိရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ချို့ယွင်းချက် များမှာ တက်တတ်ခြင်း၊ လွန်ကျူးစွာ ငိုကြွေးခြင်း၊ အသက်ရှူရာတွင် အခက်အခဲ ဖြစ်ခြင်း၊ အိပ်စက်ပုံ နှင့် အစာ စားသောက်ပုံမှာ သာမန်ကလေးငယ် များကဲ့သို့ မဟုတ်ဘဲ တွန့် ဆုတ် ကြောက်ရွံ့ နေတတ်ခြင်းတို့  ဖြစ်ကြောင်း၊ ၄င်းတို့ ကို မက်သဒုံး တိုက်ကျွေးခြင်းများ ပြုလုပ်ရတတ်ပြီး ကလေးငယ် များကို ဆေးရုံတွင် ရက်သတ္တပတ် မှ လပေါင်းများစွာ အထိ ကုသမှု ပေးရတတ်ကြောင်း သိရသည်။ 

" ကျေးလက်ဒေသက မွေးကင်းစတွေမှာ ဆေးကြောင့် ဖြစ်တဲ့ ချို့ ယွင်းမှု တွေကို အရင်ကထက် ခြောက်ဆပိုပြီး တွေ့ရပါတယ်။ ၂၀၀၄ တုန်းက ကလေး ၁၀၀၀ မှာ ၁ ယောက်နှုန်း ဖြစ်ခဲ့ရာကနေ ၂၀၁၃ မှာ ၁၀၀၀ မှာ ၈ ယောက်နှုန်း လောက်မှာ ဆေးကြောင့်ဖြစ်တဲ့ ချို့ယွင်းမှုတွေကို တွေ့ရတာပါ။ မြို့ပြဒေသ တွေမှာတော့ အရင်က ၁၀၀၀ မှာ ၁ ယောက်နှုန်း ကနေ ၁၀၀၀ မှာ ၅ ယောက်နှုန်း အထိပဲ တက်ခဲ့တာကို တွေ့ရပါတယ်။ မိခင်တွေက ဘိန်းဖြူပါတဲ့ အပြင်းစား အကိုက်အခဲ ပျောက်ဆေးတွေကို သောက်လို့  ဖြစ်တာပါ။ အဓိကကတော့ အောက်စီကိုဒုန်း နဲ့  အခြားသော ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေအပြင် တရားမ၀င် မူးယစ်ဆေးဝါး သုံးစွဲမှုလည်း ပါနိုင်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

ထို့ ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် ဆရာဝန် ညွှန်ကြား၍ ဖြစ်စေ၊ မိမိသဘောနှင့် မိမိဖြစ်စေ အကိုက်အခဲ ပျောက်ဆေး အပြင်းစားများ၊ ဘိန်းဖြူပါသော ဆေးဝါးများကို အလွန်အကျွံ မသောက်သုံး ခြင်းဖြင့် မွေးဖွားလာမည့် ရင်သွေးကို ကာကွယ် စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...