Social Icons

Pages

Wednesday, December 7, 2016

မြန်မာနိုင်ငံမသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာသင်ကြားရေးဌာန ဖွင့်လှစ်နိုင်ရေး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း နှင့် ပူးပေါင်းဆောင်ရွက်မည်


ရန်ကုန် ၊ ၇-၁၂-၂၀၁၆

မြန်မာနိုင်ငံတွင် မသန်စွမ်းသူ များအတွက် သတင်း အချက်အလက် နည်းပညာ သင်ကြားရေးဌာန ဖွင့်လှစ်သွား နိုင်ရေးအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း နှင့်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (၁ဝ)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား သတင်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်သည့် သတင်းများ အရ သိရသည်။

မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (၁ဝ)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကို ဒီဇင်ဘာ ၂ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ ယူနက်စကို ရုံးချုပ်၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးဆိုင်ရာ ကျွမ်းကျင်သူများ ဆွေးနွေးပွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဦးဆောင် ဆွေးနွေးသူ အဖြစ် ပါဝင်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံ၌ မသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာ သင်ကြားရေး ဌာနဖွင့် လှစ်သွားနိုင်ရေး အတွက် ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ် သဘောတူ လက်မှတ်ရေး ထိုးခြင်း အခမ်းအနား သို့ တက်ရောက် ခဲ့သည်။

အဆိုပါလုပ်ငန်း အစီအစဉ်အရ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အတွက် သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယူနက်စကိုက သင်ရိုးညွှန်းတမ်း ပြုစုရေးသား နိုင်ရေး ပံ့ပိုးပေးမည်ဖြစ်ပြီး မိုက်ခရိုဆော့ (အာရှရုံးခွဲ) က လိုအပ်မည့် နည်းပညာဆိုင်ရာ အကူအညီ ပေးမည် ဖြစ်သည်။ 

ထို့ပြင် ဂျပန်နိုင်ငံ နီပွန်ဖောင် ဒေးရှင်း ကလည်း လိုအပ်သော အဆောက်အအုံ မွမ်းမံခြင်းနှင့် ကွန်ပျူတာ သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ အဆိုပါ Center of Excellence ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ စင်တာသည် မသန်စွမ်းများအတွက် အရှေ့တောင် အာရှတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...