Social Icons

Pages

Wednesday, December 7, 2016

ရခိုင်ပြည်နယ် အခြေအနေနှင့် အိန္ဒိယနိုင်ငံ ငွေကြေးဂယက်တို့ကြောင့် အိန္ဒိယနိုင်ငံသို့ အားထားတင်ပို့နေသည့် လှောင်ကွမ်းသီးဈေးကွက် အေးစက်လျက်ရှိ



ရန်ကုန် ၊ ၇-၁၂-၂၀၁၆

ရခိုင်ပြည်နယ် အခြေအနေနှင့် အိန္ဒိယနိုင်ငံ၏ ငွေကြေးဂယက် တို့ကြောင့် အိန္ဒိယနိုင်ငံသို့ အားထားတင်ပို့ နေသည့် လှောင်ကွမ်းသီး ဈေးကွက် အေးစက်လျက် ရှိပြီး ကွမ်းသီးခြံ တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြောင်း နယ်စပ် ကုန်သွယ်ရေး ဈေးကွက် သတင်းများနှင့် ကွမ်းသီးတင်ပို့ ရောင်းချသူများ ထံမှ သိရသည်။

ကွမ်းသီး စိုက်ပျိုးရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေ ဒေသများတွင် အများဆုံး လုပ်ကိုင် ဆောင်ရွက်နေ သော်လည်း ကွမ်းသီးပင် များသည် မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် စိုက်ပျိုးအောင်မြင် နေသော နှစ်ရှည်ခံ စိုက်ပျိုးပင်များ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ကွမ်းသီးထွက်နှုန်း သည် ပြည်တွင်း စားသုံးမှုပိုလျှံ နေသဖြင့် ကွမ်းသီး စားသုံးမှုများသည့် အိန္ဒိယနိုင်ငံ ဈေးကွက်သို့ တင်ပို့ရောင်းချပေး နေခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက် အတွင်း ရိဒ် နယ်စပ် ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၅ဝ၆ သန်းတန်ဖိုးရှိ ကွမ်းသီးတန်ချိန် ၆ဝဝ ခန့် တင်ပို့ပေး နိုင်ခဲ့သောကြောင့် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး တင်ပို့မှုသည် ကျဆင်းခဲ့ကြောင်း သိရသည်။

ကွမ်းသီးများကို ယခင်က အိန္ဒိယနိုင်ငံသို့ ပုံမှန်တင်ပို့ နေခဲ့ရ သော်လည်း လက်ရှိတွင် အိန္ဒိယ နိုင်ငံ၏ ရူပီးငွေ ငါးရာတန် နှင့် တစ်ထောင်တန် ငွေကြေးဂယက် အခြေအနေ ကြောင့် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား သိသာစွာ ကျဆင်းသွား ခဲ့သကဲ့သို့ ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေ များကြောင့် အိန္ဒိယနိုင်ငံသို့ ကွမ်းသီးတင်ပို့နိုင်မှု လျော့ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...