Social Icons

Pages

Thursday, November 24, 2016

ဖားကန့်မြိုကနယ် မိုးကောင်း-ကာမိုင်း - ဖားကန့် ကားလမ်း၌ KIA အဖွဲ့မှ ဆက်ကြေးကောက်


နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

ဖားကန့်မြို့နယ် မိုးကောင်း-ကာမိုင်း- ဖားကန့်ကားလမ်း၌ သွားလာနေသော ယာဉ်များအား ယမန်နေ့ နံနက်ပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဆက်ကြေး ကောက်ခံခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ကာမိုင်းနယ်မြေ စခန်း၏ အနောက်မြောက်ဘက် မိုးကောင်း-ကာမိုင်း- ဖားကန့် ကားလမ်း၌ နံနက် ၁ဝ နာရီခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ဖြတ်သန်းသွားလာ နေသော ယာဉ်များအား တစ်စီးလျှင် ငွေကျပ်၂ဝဝဝဝ၊ ၃ဝဝဝဝ၊ ၅ဝဝဝဝ နှုန်းဖြင့် ဆက်ကြေး ကောက်ခံခဲ့ခြင်း ဖြစ်သည်။

ဆက်ကြေး ကောက်ခံမှုကြောင့် ဖားကန့်မှ အဆင်းယာဉ် များသည် နန့်တိန်းတွင် လည်းကောင်း၊ ဖားကန့်ဘက်သို့ အတက်ယာဉ်များ သည် နမ့်ယားကျေးရွာ တွင်လည်းကောင်း ရပ်တန့်လျက် ရှိပြီး မွန်းလွဲ ၂ နာရီခွဲတွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် လမ်း၏ တောင်ဘက်သို့ ထွက်ခွာ သွားပြီး ယာဉ်များပုံမှန် သွားလာလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...