Social Icons

Pages

Wednesday, November 30, 2016

ဒရုန်းကာကွယ်ရေး အတွက် တာဝေးပစ် Drone Gun ကို ထုတ်လုပ်ထား


THIS DRONE GUN KNOCKS DRONES OUT OF THE SKY GENTLY, WITH RADIO WAVES

ဝါရှင်တန် ၊ ၃၀-၁၁-၂၀၁၆

ဒရုန်း ခေတ်စားလာသည် နှင့်အမျှ ဝယ်ယူ အသုံးပြုမှု များလာပြီး လေဆိပ်နှင့် အခြား အရေးကြီးသော နေရာများတွင် ပျံသန်းခြင်း၊ လူနေအိမ်ခြေ များတွင် ကျူးကျော် ဝင်ရောက်ခြင်း၊ မသမာသူ များက ဗုံးလက်နက် အစရှိသည် တို့ကိုလည်း ဒရုန်း တပ်ဆင် ထားခြင်းတို့ ပြုလုပ် လာကြသည့် အတွက် ယခုအခါ အမေရိကန် နည်းပညာရှင် များက ဒရုန်းများကို ၁ ဒသမ ၃ မိုင် အကွာအဝေး ထိ ပစ်ချနိုင်မည့် တာဝေးပစ် Drone Gun ကို ထုတ်လုပ်ထားပြီ ဖြစ်ကြောင်း သိရသည်။

'' Drone Gun ဟာ တခြားသော ဒရုန်းဖျက်ကိရိယာ တွေလိုပဲ ရေဒီယိုလှိုင်း တွေကို ဒရုန်းဆီ ပစ်လွှတ်ပါတယ်။ ဒရုန်းအတွက် မြေပြင်ထိန်းချုပ်ရေး စက်ကလာတဲ့ ထိန်းချုပ်မှုပိုင်းက လှိုင်းတွေနဲ့ ရောထွေး ရှုပ်ယှက်ခတ် ကုန်ပါတယ်။ အဲဒီအခါ ပိုင်ရှင်ဖြစ်သူက သူ့ဒရုန်းကို ဆက်ပြီး ထိန်းမထား နိုင်တော့ဘဲ ဒရုန်းပျက်ကျလေ့ ရှိပါတယ်''ဟု သုတေသီ တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် ဈေးကွက်၌ Battelle Drone Defender ဟူသည့် ပခုံးထမ်း ဒရုန်းပစ် လက်နက်ရှိကြောင်း၊ ထို့ပြင် Anti UAV ကာကွယ်ရေးစနစ် ထည့်သွင်း ထားသော ဒရုန်း ကာကွယ်ရေး စက်များလည်း ပါရှိကြောင်း၊ Drone Gun သည် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ဝင်လာသည် နှင့် တစ်ပြိုင်နက် ၄င်းအရာကို ချက်ချင်း ပစ်ချနိုင်မည့် စွမ်းပကား ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...