Social Icons

Pages

Monday, November 7, 2016

နာဆာပိုင် Curiosity စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်တွင် ထူးဆန်းသော ကျောက်တုံးကို တွေ့ရှိ




ဝါရှင်တန် ၊ ၇-၁၁-၂၀၁၆

အင်္ဂါဂြိုဟ် မျက်နှာပြင် စူးစမ်း လေ့လာမှုကို ပြုလုပ်နေသော နာဆာပိုင် Curiosity စူးစမ်း လေ့လာရေး ယာဉ်သည် ပြီးခဲ့သော ရက်သတ္တပတ်က ထူးဆန်းသော ကျောက်တစ်တုံးကို တွေ့ရှိခဲ့ရာ ၄င်း ကျောက်တုံးသည်
အင်္ဂါဂြိုဟ်ပေါ်ရှိ ကျောက်တုံး မဟုတ်ဘဲ အင်္ဂါဂြိုဟ်ပေါ်သို့ ဥက္ကာပျံ ကြွေကျလာရာမှ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်းနှင့် ပုံစံမှာလည်း ကြက်ဥနှင့် အလားတူ နေကြောင်း နာဆာက နိုဝင်ဘာ ၅ ရက်က ထုတ်ပြန် ကြေညာသည်။

အဆိုပါ ကျောက်တုံးကို တွေ့ရှိပြီးနောက် ၄င်း၏ ဇာတ်မြစ်ကို စုံစမ်း ဖော်ထုတ်ရန် Curiosity က ယာဉ်ပေါ်ပါ လေဆာ ကျောက်တုံး ဖြတ်စက်ဖြင့် ၄င်း ကျောက်တုံး အပိုင်းအစကို ရယူကာ ပေါင်းစပ် ပါရှိသော ဓာတုပစ္စည်း များကို စူးစမ်းလေ့လာ ခဲ့ရာ အိုင်းရွန်းနှင့် နီကယ် ပေါင်းစပ်နေသော ဥက္ကာခဲ ဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ အခြား တစ်နေရာမှ ပြုတ်ကျလာခြင်း ဖြစ်သည်ကို အတည်ပြုနိုင် ခဲ့ကြောင်း၊ Curiosity ကို ကိုင်တွယ်ရန် တာဝန်ရှိသော သုတေသီများ အဖွဲ့က ပြောကြားခဲ့ပြီး ၄င်းကျောက်တုံး ကိုလည်း ကြက်ဥ ကျောက်တုံး Egg Rock ဟု အမည်ပေး ခဲ့ကြောင်း သိရသည်။

Chem-Cam သည် စူးစမ်း လေ့လာမည့် အရာဝတ္ထုကို လေဆာဖြင့် ပစ်ကြောင်း၊ လေဆာနှင့် ထိတွေ့သောအခါ ၄င်းအရာဝတ္ထု၏ အက်တမ်များ ပတ်လည်ရှိ အီလက်ထရွန်များ လှုပ်ရှားလာပြီး လှိုင်းအတို၊ အရှည် မတူသော အလင်းကို ထုတ်လွှတ်ကြောင်း၊ အရောင်များ ထုတ်လွှင့်သည့် အချိန်လည်း ရှိကြောင်း၊ အရာဝတ္ထု၏ မူလဖွဲစည်းပုံပေါ် မူတည်ကြောင်း၊ ၄င်း ထွက်ပေါ်လာသည့် အလင်း သို့မဟုတ် အရောင် ကို ခွဲခြမ်း စိတ်ဖြာကာ Curiosity က ၄င်းအရာဝတ္ထု တွင် မည်သည့် ဓာတ်သတ္တုများ ပေါင်းစပ် ပါဝင်နေသည် ဟူသည်ကို ဖော်ပြပေးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...